အလုပ်သမားလိုအပ်ချက်ရှိနေ၍ ဂျပန်က ပြည်ပအလုပ်သမားအတွက် ပြည်ဝင်ခွင့်ဖြေလျော့ပေးမည်

အလုပ်သမားလိုအပ်ချက်ရှိနေ၍ ဂျပန်က ပြည်ပအလုပ်သမားအတွက် ပြည်ဝင်ခွင့်ဖြေလျော့ပေးမည်

စက်တင်ဘာ ၂၉ 

ကမ္ဘာလှည့်ခရီးသည်ဗီဇာမဟုတ်သည့် အခြားဗီဇာများကိုင်ဆောင်ထားသူများအား ပြည်ဝင်ခွင့်ဖြေလျှော့ ပေးမည့်ဆုံးဖြတ်ချက်ကိုဂျပန်အစိုးရမှသောကြာနေ့ကထုတ်ပြန်ခဲ့သည်။အဆိုပါဆုံးဖြတ်ချက်အားအလုပ်သမားအများအပြားလိုအပ်လျက်ရှိသည့် ဂျပန်စီးပွားရေးလုပ်ငန်းများမှကြိုဆိုခဲ့ကြသည်။ 

“အစိုးရ၏အစီအစဉ်အရ  Covid-19  ပိုးကူးစက်မှုရှိမရှိ စစ်ဆေးပြီးသည့် ကမ္ဘာလှည့်ခရီးသည်မဟုတ်သူ ဂျပန်လူမျိုးဖြစ်စေနိုင်ငံခြားသားဖြစ်စေတို့အားပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုရန်ဖြစ်နိုင်သည့်ကိစ္စအားလုံးကို ပြုလုပ်သွားမည်”ဟုဝန်ကြီးချုပ် ယိုရှီဟိဒဲဆူဂါ ကကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ပြုလုပ်သည့် အစည်း အဝေးတစ်ခု၌ပြောကြားခဲ့သည်။ 

ဗီဇာသက်တမ်းသုံးလနှင့်အထက်ကျန်ရှိသူများသည်စည်းကမ်းချက်ဖြေလျှော့ပေးမည့်စာရင်းတွင်ပါဝင်လိမ့်မည်ဖြစ်သည်။ဂျပန်အစိုးရသည်ဗီယက်နမ်အပါအဝင်ပြည်ပနိုင်ငံ ၁၆ နိုင်ငံမှအစိုးရများနှင့်စီးပွားရေး လုပ်ငန်းအတွက်ခရီးသွားလာမှုများကိုပြန်လည်ခွင့်ပြုပေးရန်ညှိနှိုင်းခဲ့ပြီးဖြစ်သည်။ ရည်ရွယ်ချက်မှာ ပြည်ပမှအလုပ်သမားများလာရောက်အလုပ်လုပ်နိုင်ရန်ဖြစ်သည်။ 

လက်ရှိအချိန်တွင်နိုင်ငံပေါင်း ၁၅၉ နိုင်ငံမှပြည်ပခရီးသွားများအားအထူးကိစ္စရပ်များကြောင့်မှအပ ဂျပန် နိုင်ငံသို့လာရောက်ခွင့်ပိတ်ပင်ထားသည်။သို့သော်ကြာသပတေးနေ့မှစ၍ကာလကြာရှည်နေမည့်သူများအတွက်စည်းကမ်းထိန်းချုပ်မှုများကိုဖြေလျော့ပေးသွားမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံသို့စီးပွားရေးဆိုင်ရာကိစ္စဖြင့်လာရောက်မည့် ကာလတိုဗီဇာကိုင်ဆောင်သူများအားအရေ အတွက်အကန့်အသတ်ဖြင့်ပြည်ဝင်ခွင့်ပြုမည်ဖြစ်သည်။သို့သော်ကမ္ဘာလှည့်ခရီးသွားများအားပြည်ဝင်ခွင့်ပြုမည်မဟုတ်ပေ။ 

နှစ်ပေါင်းများစွာအလုပ်သမားများငှားရမ်းလုပ်ကိုင်နေရသောဂျပန်ကုမ္ပဏီများကအစိုးရမှကန့်သတ်ချက်များလျှော့ပေါ့ပေးရန်မျှော်လင့်နေကြသည်။ 

ယမန်နှစ်ကကာလရှည်ဗီဇာကိုင်ဆောင်သူလူသစ်များအနက် ၁၈၀ ၀၀၀ ဦးခန့်သည်နည်းပညာဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်အရအလုပ်လုပ်ကိုင်ခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများသည်ပြည်ပအလုပ်သမားများအပေါ်မှီခိုကာလုပ်ငန်းလည်ပတ်ကြရသည်။ 

မော်တော်ကားအစိတ်အပိုင်းများနှင့်တွဲဖက်အသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် အော်တိုဘက်စ် ဆဲဗင်း (Autobacs Seven) သည် အလိုအလျောက်ပြင်ဆင်ခြင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်မှစတင်၍ဖိလစ်ပိုင်နိုင်ငံမှနည်းပညာအလုပ်သင်များကိုငှားရမ်း ခဲ့သည်။ သို့သော်ယခုနှစ်ဧပြီလဝန်းကျင်မှစကာ ပြည်ပအလုပ်သမားများလာရောက်မှုနည်းပါးသွားကာ အလုပ်သမားရှားပါးမှုပြဿနာနှင့်ရင်ဆိုင်နေရသည်။ 

“အကယ်၍ကာလရှည်ကြာစွာအလုပ်သမားရှားပါးမှုဖြစ်နေပါကဆိုးရွားသောအကျိုးသက်ရောက်မှုဖြစ်လာလိမ့်မည်”ဟုအော်တိုဘက်စ်မှအရာထမ်းတစ်ဦးကပြောကြားခဲ့သည်။ အစိုးရ၏ပြည်ဝင်ခွင့်ဖြေလျော့ ရေးဆောင်ရွက်မှုများကိုကုမ္ပဏီမှသေချာစွာစောင့်ကြည့်လျက်ရှိသည်။ 

ဟိနိုကိယ အုပ်စု( Hinokiya Group) ဆောက်လုပ်ရေးလုပ်ငန်းသည် အစိုးရမှပြည်ဝင်ခွင့်ပိတ်ထားသည့် အချိန်မှစ၍ရပ်တန့််ထားခဲ့ရသော နည်းပညာဆိုင်ရာအလုပ်သင်များပြန်လည်ခေါ်ယူရန်စီစဉ်လျက်ရှိ သည်။ လူနေအိမ်ဆောက်လုပ် ရေးစီမံကိန်းများတွင် အလုပ်သမားများလုံလောက်မှုမရှိကြောင်း ဟိနိုကိယအုပ်စုမှပြောကြားခဲ့သည်။ 

အိမ်အသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် အိုင်းရစ်စ် အိုယာမ( Iris Ohyama) သည်လည်းတရုတ် နိုင်ငံရှိကုန်ထုတ်လုပ်မှုများအတွက်ပြည်ပမှအလုပ်သမားများကိုမှီခိုနေရသည်။ “တရုတ်ကုန်ထုတ်လုပ်သူ များထံမှ တရုတ်နည်းပညာရှင်များနှင့်တွဲဖက်အလုပ်သမားများဝင်ခွင့်ရရန်အလွန်အရေးကြီးသည်”ဟု အိုင်းရစ်စ်အိုယာမ ၏တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။ 

“အကယ်၍ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်မှုများကိုစတင်ဖြေလျော့ပေးပါကဝမ်းသာရလိမ့်မည်”ဟု ဖူကူအိုကာ ခရိုင်ရှိ မုန်ညင်းဒေါက်ခွဖန်လုံအိမ်စိုက်ပျိုးရေးလုပ်ငန်းဥက္ကဋ္ဌ ကဲဆုခဲ ယိုနဲကုရ မှပြောကြား ခဲ့သည်။ 

ဂရာနိုဖာမဲ( Grano Ferme ) ကုမ္ပဏီမှလည်းဧပြီလနှင့်စက်တင်ဘာလများအတွင်း ဖိလစ်ပိုင်မှ နည်းပညာအလုပ်သင်စုစုပေါင်းငါးဦးငှားရမ်းရန်ရည်ရွယ်ခဲ့သော်လည်း ပြည်ဝင်ခွင့်တင်းကျပ်ထားမှု ကြောင့်ထိုအစီအစဉ်ကိုဖျက်သိမ်းလိုက်ရပြီးစိုက်မွေးလုပ်ငန်းကိုသာဦးစားပေးလုပ်ကိုင်နေရသည်။ 

အိုင်ဘီအမ်ဂျပန်( IBM Japan) သည်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာမှုကြောင့်ဇာတိနိုင်ငံများသို့ပြန်သွားကြ သောနိုင်ငံခြားသားအမှုဆောင်များအားပြန်ခေါ်ရန်စီစဉ်ထားသည်။ အိုင်ဘီအမ်သည်အွန်လိုင်းမှလုပ်ငန်း များလုပ်ဆောင်နေသော်လည်းပြည်ဝင်ခွင့်ကန့်သတ်မှုများဖြေလျော့ပေးမည့်ကိစ္စကိုကြိုဆိုလိုက်သည်။ “အကယ်၍နိုင်ငံခြားသားအမှုဆောင်များဂျပန်သို့ပြန်ရောက်လာပါကလုပ်ငန်းများချောမွေ့လွယ်ကူသွားလိမ့်မည်”ဟု အိုင်ဘီအမ်ဂျပန် ၏ပြည်သူ့ဆက်ဆံရေးမန်နေဂျာတစ်ဦးမှပြောကြားခဲ့သည်။ 

တစ်ဖက်တွင်လည်းအချို့သောကုမ္ပဏီများသည်နိုင်ငံခြားသားများနှင့် ဆက်သွယ်မှများမပြုလုပ်လိုကြ ပေ။လက်ရှိအချိန်တွင်အွန်လိုင်းမှအလုပ်လုပ်ခြင်းသည်ဆန်းကြယ်သည့်ကိစ္စမဟုတ်တော့ပါ။ ချစ်ပ်ပြား များထုတ်လုပ်သည့် ရီနေဆာ အီလက်ထရောနစ်( Renesas Electronics) သည်ပြည်ပမှအလုပ်သမား များ ငှားရမ်းရန်အစီအစဉ်မရှိပေ။ “လက်ရှိအချိန်တွင်ဆီမီးကွန်ဒက်တာများထုတ်လုပ်ရန်နှင့်ဒီဇိုင်းဆွဲ ရန်သိသာသည့်အခက်အခဲမရှိကြောင်း”ဖြင့် ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။ 

ဖူဂျစ်ဆု( Fujitsu ) သည်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသဖြင့် စီးပွားရေးလုပ်ငန်းဖြင့် ပြည်ပသို့သွားရောက် ခြင်းကိုကန့်သတ်ထားပြီး၎င်းအစားအွန်လိုင်းမှအလုပ်လုပ်စေရန်ဦးစားပေးလုပ်ဆောင်ခဲ့သည်။ဖူဂျစ်ဆု နည်းပညာလုပ်ငန်းသည်ပြည်ပနိုင်ငံများတွင် ဆော့ဖ်ဝဲရေးဆွဲမှုလုပ်ငန်းများလုပ်ကိုင်လျက်ရှိသဖြင့်် အပြောင်းအလဲကာလတွင်ကြီးမားသောဆိုးကျိုးများသက်ရောက်လိမ့်မည်ဟုမျှော်လင့်ထားခြင်းမရှိပေ။ 

ကုန်စုံဆိုင်လုပ်ငန်းများသည်ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပေါ်မီကပင် ဆိုးရွားစွာအလုပ်သမားပြတ်လတ်မှုဖြစ် နေသော်လည်းအကောင်းဆုံးအခြေအနေဖြစ်နေသည်။ကိုရိုနာဗိုင်းရပ်စ်ကြောင့်လုပ်ငန်းရပ်ဆိုင်းလိုက်ရသည့် စားသောက်ဆိုင်ဝန်ထမ်းများအားကုန်စုံဆိုင်များတွင် လာရောက်လုပ်ကိုင်ရန်ကြိုဆိုလျက်ရှိကြ သည်။ 

“လက်ရှိအချိန်တွင်အလုပ်သမားပြတ်လတ်မှုပြဿနာမှကင်းလွတ်လျက်ရှိနေသည်”ဟု မိသားစုကုန်စုံ ဆိုင်လုပ်ငန်း(Family Mart) ဥက္ကဌ တာကာရှီဆဝဒ မှပြောကြား ခဲ့သည်။ ကုန်စုံဆိုင်လုပ်ငန်းများ ဖြစ်သည့် ဆဲဗင်း-အလဲဗင်း ဂျပန်( Seven-Eleven Japan) နှင့် လောဆန်း(Lawson) တို့သည်လည်း အလုပ်သမား ပြတ်လတ်မှုမရှိပေ။ ပြည်ပအလုပ်သမားလိုအပ်မှုမှာကျဆင်းလျက်ရှိနေသည်။ 

ပြည်ပအလုပ်သမားများပိုမိုခေါ်ယူရာတွင် ဂျပန်အစိုးရသည်နိုင်ငံဝင်ပေါက်များ၌ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အာဏာပိုင်များမှရောဂါပိုးစစ်ဆေးမှုများပိုမိုပြုလုပ်ရုံသာမကနိုင်ငံတွင်းဝင်ရောက်လာသူများမှလည်း ဟိုတယ်များသို့မဟုတ်သတ်မှတ်ထားသောနေရာများတွင် ၁၄ ရက်အသွားအလာကန့်သတ်မှုခံယူကြရ မည်ဖြစ်သည်။ 

သို့ရာတွင်ကိုယ်တိုင်အသွားအလာကန့်သတ်နေထိုင်ခြင်းမှာတရားမဝင်သောကြောင့် နှစ်ပတ်တာကာလ အတွင်းပြင်ပသို့ထွက်ခြင်းဖြင့်အခြားသူများကိုကူးစက်မည်ကိုစိုးရိမ်ရသည်။ 

“မိမိတို့အနေဖြင့်သေချာစွာစမ်းသပ်စစ်ဆေးမှုအပေါ်အခြေခံ၍ထိရောက်သော လုပ်ဆောင်မှုများကို ဆက်လက်ပြုလုပ်သွားမည်”ဟု အလုပ်သမားဝန်ကြီး နိုရိဟိစတမုရာ မှသောကြာနေ့ကသတင်းထောက် များအားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly