ဦးအောင်မိုးဇော် “နိုင်ငံရေးပါတီတောင် ပြောခွင့်ပိတ်ခံရတော့ ဒီမိုကရေစီက ဘာလဲ”

ဦးအောင်မိုးဇော် “နိုင်ငံရေးပါတီတောင် ပြောခွင့်ပိတ်ခံရတော့ ဒီမိုကရေစီက ဘာလဲ”

မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၉

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)သည် မဲဆွယ် စည်းရုံးဟောပြောခွင့်နှင့် ပတ်သက်ပြီး MRTV ရုပ်သံ လိုင်းမှာ အလှည့်ကျ မိန့်ခွန်းပြောခွင့်ရရှိခဲ့ပါသည်။ သို့သော် မိန့်ခွန်း မပြောခင် ပြောမည့် မိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)သို့ တင်ပြရသည့် စည်းမျဉ်းအတိုင်း တင်ပြခဲ့ရာမှာ မိန့်ခွန်းပါ အကြောင်းအရာ တချို့ကို ဆင်ဆာဖြတ်တောက်ခံခဲ့ရခြင်းကြောင့် မိန့်ခွန်းမပြောဘဲ အစီအစဉ်ကို ဖျက်သိမ်းခဲ့ သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပြီး ဒီမိုကရေစီစံနှုန်းများကို ပြုစုပျိုးထောင်နေ သည့်အချိန်မှာပဲ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင်ခံနေရ ခြင်းကြောင့် ဒီမိုကရေစီစံနှုန်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

#Exclusive Interview

#Mizzima TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly