အာရေဘီယံပင်လယ်မြောက်ပိုင်းတွင် အိန္ဒိယနှင့်ဂျပန် ရေတပ်စစ်ရေးလေ့ကျင့်

အာရေဘီယံပင်လယ်မြောက်ပိုင်းတွင် အိန္ဒိယနှင့်ဂျပန် ရေတပ်စစ်ရေးလေ့ကျင့်

စက်တင်ဘာ ၂၈

နှစ်နှစ်တစ်ကြိမ်ပြုလုပ်သည့်အိန္ဒိယနှင့်ဂျပန်ရေတပ်တို့၏လေးကြိမ်မြောက်စစ် ရေးလေ့ကျင့်မှု JIMEX-20  ကိုအာရေဘီယံပင်လယ်မြောက်ပိုင်း၌ပြုလုပ်လျက် ရှိကြောင်းအိန္ဒိယရေတပ်မှပြောကြားခဲ့သည်။

ယခုလစောစောပိုင်းကနှစ်နိုင်ငံထောက်ပံ့ရေးဆိုင်ရာသဘောတူညီချက်ရရှိခဲ့ပြီးနောက်စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အင်ဒို-ပစိဖိတ်နှင့် အိန္ဒိယပင်လယ်ဒေသ( Indian Ocean Region-IOR) တွင် ရေပိုင်နက်ဆိုင်ရာသတိရှိမှု ( Maritime Domain Awareness-MDA ) နှင့်သတင်း အချက်အလက်ဖလှယ်ရေးတို့ကိုရည်ရွယ်ပြီး နှစ်နိုင်ငံရေတပ် ပူးပေါင်းမှုကိုသိသိသာသာတိုးမြှင့်ခဲ့သည်။

JIMEX-20 စစ်ရေးလေ့ကျင့်မှုတွင်ရေကြောင်းဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ခန်းအများအပြားပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်နှင့် စစ်ရေးလေ့ကျင့်မှုစွမ်းရည်မြင့်မားခြင်းကိုပြသလိမ့်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံရေတပ်၏ လက်နက်များပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ပျံသန်းမှုလေ့ကျင့်ခြင်း၊ ရေငုပ်သင်္ဘောများ ဖျက်ဆီးခြင်းနှင့်လေကြောင်းတိုက်ခိုက်မှု လေ့ကျင့်ခန်းများပါဝင်သည့်ရှုထောင့်ပေါင်းစုံ မဟာဗျုဟာ ဆိုင်ရာလေ့ကျင့်မှုများသည်ဟန်ချက် ညီသည့်ပူးပေါင်းဆောင်ရွက်မှုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဖြင့် ရေတပ်မှထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။

တစ်နှစ်ကျော်ကာလအတွင်း ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနယ်ပယ်သည် ခက်ခဲရှုပ်ထွေးလားခဲ့ ကြောင်း၊ JIMEX-20 စစ်ရေးလေ့ကျင့်မှုတွင် အဆင့်မြင့်ပူးပေါင်းလေ့ကျင့်မှုများပြုလုပ်ရန်စီစဉ် ထားကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံတကာမှသတ်မှတ်ထားသည့်စည်းမျဉ်းများအရ  ပိုမိုလုံခြုံပြီးပွင့်လင်းမှုရှိစေရန် နှစ်နိုင်ငံအစိုးရတို့၏ လုပ်ဆောင်ချက်ဖြစ်ပြီး အင်ဒို-ဂျပန်ကာကွယ်ရေး ဆိုင်ရာပူးပေါင်းမှုများ ဆက်လက်တိုးတက် နေသည်ကိုပြသနေခြင်းဖြစ်ကြောင်းဖြင့် ရေတပ်မှထုတ်ပြန် သောကြေညာချက်တွင်ဖော်ပြထားသည်။

စနေနေ့မှစတင်၍သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်လျက်ရှိကာCovid-19 ဆိုင်ရာကန့်သတ်ချက် များအရ”ကုန်းမြေနှင့်မဆက်စပ်သည့်ပင်လယ်သီး သန့်စစ်ရေးလေ့ကျင့်မှု” ကိုပြုလုပ်လျက်ရှိသည်။

စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယရေတပ်မှကိုယ်ပျောက်ဖျက်သင်္ဘော အိုင်အင်အက်စ် ချန်နိုင်း( INS Chennai  ) ကိုယ်ပျောက်ဖရီးဂိတ်သင်္ဘော အိုင်အင်အက်စ် တာကက်ရှ် (INS Tarkash  ) နှင့် တန်ကာဒီးပက် (Tanker Deepak ) သင်္ဘောအုပ်စု တို့ပါဝင်သည်။ ဂျပန်ရေတပ်မှ အိဇုမို ရဟတ်ယာဉ် ဖျက်သင်္ဘော( Izumo Class Helicopter Destroyer ) နှင့်အိကဇုချိ  ( Ikazuchi ) ဒုံးကျည်ဖျက်သင်္ဘော တို့ပါဝင် သည့်ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (Japanese Maritime Self-Defense Force-JMSDF )သည် ကဂါ တွင်တပ်ဖြန့်ထားသည်။ P81  တာဝေး ပစ် ကင်းလှည့်လေယာဉ်၊ ရဟတ်ယာဉ်များ နှင့်တိုက်လေယာဉ် များလည်းပါဝင်ကြောင်း ရေတပ်မှပြောကြားခဲ့သည်။

နှစ်နိုင်ငံတို့သည် MDA  တိုးတက်လာစေရန်အခြေခံ၍ နှစ်ဖက်ရေတပ်တို့အကြားပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုကဲ့သို့ သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းသည် MDA ဖွံ့ဖြိုးရေးအတွက်နှစ်ဦးနှစ်ဘက် သတင်းအချက် အလက်များဖလှယ်ရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့်အခြားနိုင်ငံများအကြားရေကြောင်းဆိုင်ရာအပြန် အလှန်အကျိုးပြုမှုများသိသိသာသာတိုးတက်လာခြင်းပင်ဖြစ်သည်။

အက်ဒမန်နှင့်နီကိုဘာကျွန်းများ သည်မဟာဗျုဟာကျသောမလက်ကာရေလက်ကြားနှင့် နီးကပ်စွာတည်ရှိနေခြင်းမှာ ဩစတေးလျနှင့် ဂျပန်အပါအဝင်နိုင်ငံအများအပြားအတွက်အကျိုးရှိနေစေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly