အလုပ်အကိုင်အခွင့်အလမ်း ၁ သန်းကျော်ရရှိနိုင်ရန်စီစဉ်ထားဟု ထိုင်းဝန်ကြီးချုပ်မှပြောကြား

အလုပ်အကိုင်အခွင့်အလမ်း ၁ သန်းကျော်ရရှိနိုင်ရန်စီစဉ်ထားဟု ထိုင်းဝန်ကြီးချုပ်မှပြောကြား

စက်တင်ဘာ ၂၈ 

စနေနေ့ကထိုင်းဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာသည်  BITEC  ဘန်နာ၌ပြုလုပ်သည့် ထိုင်းအလုပ်အကိုင် ပြပွဲ ၂၀၂၀( Job Expo Thailand 2020) ကိုတက် ရောက်ဖွင့်လှစ်ပေးခဲ့ပြီးCOVID-19 ရောဂါကူးစက်မှု ကြောင့်အလုပ်လက်မဲ့ဖြစ်ကြရမှုကို အစိုးရမှတိုက်ဖျက်သည့်အနေဖြင့်မကြာမီကာလအတွင်းအလုပ် အကိုင်တစ်သန်းကျော်ခန့် ရရှိစေရမည်ဟုကတိပေးခဲ့သည်။ 

“အလုပ်အကိုင်ပြပွဲများကို ဘန်ကောက်မြို့တွင်သာမကနိုင်ငံတစ်ဝန်းလုံးရှိပြည်နယ်များတွင်ပါပြုလုပ် သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လူပေါင်း ၁၀၀ ၀၀၀ခန့်ကိုအလုပ်ခန့်ရန်စီစဉ်ထားသည်ဟု တာဝန်ရှိသူများကပြောကြားထားကြောင်း၊ တစ်နိုင်ငံလုံးတွင်အလုပ်အကိုင်အခွင့်အလမ်း အများအပြား ရှိနေဆဲဖြစ်ကြောင်း၊  COVID-19  ကူးစက်မှုမှလွတ်မြောက်လာသော်လည်း ထိုင်းအစိုးရအနေဖြင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍကိုမြှင့်တင်ရန် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ရေရှည်တွင်အလုပ် သမားများကို ၎င်းတို့ဇာတိမြို့များတွင်အလုပ်လုပ်နိုင်ရန်မျှော်လင့်ထားသော်လည်း အချိန်ယူလုပ်ဆောင် ရလိမ့်မည်ဖြစ်ကြောင်း”ဖြင့် ပရာရွတ် မှပြောကြားခဲ့သည်။ 

အလုပ်သမားဝန်ကြီး ဆုချတ်ချွန်လင်း မှအလုပ်အကိုင်ပြပွဲသည်လုပ်ငန်းအတွေ့အကြုံမရှိသေးပဲအလုပ် ရှာဖွေနေသည့်ဘွဲ့ရခါစများကိုကူညီရန် အထူးရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊အလုပ်သမားဝန်ကြီး ဌာနသည် အစိုးရဌာနများ၊နိုင်ငံပိုင်လုပ်ငန်းများနှင့်ပြည်ပရှိပုဂ္ဂလိကလုပ်ငန်းများရှိအလုပ်အကိုင်အခွင့် အလမ်းများကိုစာရင်းပြုစုကာ ”Thai Mee Ngam Tam“(ထိုင်းနိုင်ငံရှိလုပ်ငန်းများ)“ အမည်ဖြင့်အလုပ် အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖွင့် လှစ်ထားပြီးဖြစ်သည်ဟုပြောကြားခဲ့သည်။ 

အဆိုပါဝက်ဘ်ဆိုက်တွင်ခန့်မှန်းခြေအားဖြင့်လုပ်ငန်းအမျိုးမျိုးမှအလုပ်အကိုင်ပေါင်း ၂၀၀ ၀၀၀ ခန့်နှင့် အစိုးရဌာနများမှ အလုပ်အကိုင်ပေါင်း ၄၀၀ ၀၀၀ ခန့်တင်ထားမည်ဟုမျှော်လင့်ရသည်။ဘွဲ့ရကာစများ အတွက်အလုပ်အကိုင်အခွင့်အလမ်း ၂၀၀ ၀၀၀ ခန့်နှင့်ပြည်ပအလုပ်အကိုင် ၁၀၀ ၀၀၀ ခန့်လည်းတင် ထားပြီးဖြစ်သည်။ 

အလုပ်အကိုင်ပြပွဲတွင်ပါဝင်သောအကြောင်းအရာနောက်တစ်ခုမှာဘွဲ့ရကာစများ ကိုအလုပ်ခန့်ထားသည့် ကုမ္ပဏီများအားအလုပ်သမားဝန်ကြီးဌာနမှ ထောက်ပံ့ပေးမည့် “ Co-Payment Scheme” ဖြစ်သည်။ ဘွဲ့ရကာစအလုပ်သမားများ၏ တစ်နှစ်ဝင်ငွေမှ ၅၀ % ကိုအစိုးရမှထောက်ပံ့မည်ဖြစ်ပြီးစုစုပေါင်း ထောက်ပံ့ငွေမှာ ဘတ် ၂၃ သန်းခန့်ရှိမည်ဖြစ်သည်။ 

ဘွဲ့ရကာစများသည်ဘွဲ့ရပြီးတစ်နှစ်သို့မဟုတ်နှစ်နှစ်အတွင်း အလုပ်မရရှိပါကကာလရှည်ကြာအလုပ် လက်မဲ့ဖြစ်သွားနိုင်ကြောင်း၊ ယခုပြုလုပ်မည့်ထောက်ပံ့ရေးအစီအစဉ်၏ရည်ရွယ်ချက်မှာအလုပ်လက်မဲ့ ဖြစ်မှုကိုကိုင်တွယ်နိုင်ပြီးအလုပ်ရရှိစေရန်ကူညီရန်ဖြစ်သည်ဟု မစ္စတာဆုချတ် မှပြောကြားခဲ့သည်။ 

အစီအစဉ်တွင်ပါဝင်မည့်အဖွဲ့အစည်းများသည်ဝန်ကြီးဌာနမှချမှတ်ထားသောအလုပ်သမားရေးရာဌာနကိုအကြောင်းကြားခြင်းမပြုဘဲ တစ်နှစ်လျှင်အလုပ်သမားဦးရေစုစုပေါင်း၏၁၅ % ထက်ပို၍အလုပ်မထုတ်ရ ဆိုသည့်စည်းကမ်းကို လိုက်နာရမည်ဖြစ်ကြောင်း၊ အကယ်၍စည်းကမ်းချက်ချိုးဖောက်ကြောင်းတွေ့ရှိရ ပါကထောက်ပံ့ထားသောငွေများကို အပြည့်ပြန်လည်ပေးလျော်ရမည်ဟု မစ္စတာဆုချတ် မှပြောကြားခဲ့ သည်။ 

၂၀၁၉ ခုနှစ်နောက်ပိုင်းဘွဲ့ရရှိသည့်အလုပ်လျှောက်ထားသူများသည် အထက်ပါအစီအစဉ်တွင်အကျုံး ဝင်ပြီးအစိုးရမှတင်ထားသောဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ထိုသို့မှတ်ပုံတင်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သောဒီပလိုမာလက်မှတ်များကိုပူးတွဲတင်ပြရမည်ဖြစ်သည်။ 

အလုပ်အကိုင်ပြပွဲသို့လာရောက်သည့်ဘွဲ့ရတစ်ဦးမှ အစိုးရ၏အစီအစဉ်ကိုချီးကျုးခဲ့သည်။ ၎င်းက ”ထောက်ပံ့ငွေပေးအပ်မည့်အစီအစဉ်၏ရည်ရွယ်ချက်မှာအထက်တန်းပညာသင်ယူနေသည့်ကျောင်းသားများကိုအစိုးရမှဂရုတစိုက်ရှိခြင်းဖြစ်ကြောင်း၊ အချိန်မီဆိုသလိုဘွဲ့ရကာစအများအပြားလည်း အလုပ်ကို အသည်းအသန်ရှာဖွေ နေသည့်အချိန်ဖြစ်ကြောင်း၊ ဘွဲ့ရရှိထားသော်လည်းလွန်ခဲ့သည့်လအနည်းငယ် ကလျှောက်ထားသည့်အလုပ်အများစုက ခန့်အပ်ခြင်းမရှိကြကြောင်း၊ အလုပ်ရှင်အများစုကလုပ်ငန်း အတွေ့အကြုံရှိပြီးသူကိုသာရွေးချယ်ခန့်ထားကြကြောင်း၊ ယခုအစီစဉ်သည်အလုပ်ရှင်များအနေဖြင့် အတွေ့အကြုံမရှိသေးသူများကိုအလုပ်ခန့်ပြီးဆက်တိုက်အလုပ်ပေးနိုင်ရန်အားပေးသကဲ့သို့ဖြစ်စေမည်ဟုယုံကြည်ပါကြောင်း”ဖြင့်ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly