ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေအကြား အကျဉ်းသား ၁၀၀၀ ကျော် လဲလှယ်ရန် သဘောတူ

By AFP
28 September 2020
ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေအကြား အကျဉ်းသား ၁၀၀၀ ကျော် လဲလှယ်ရန် သဘောတူ
Photo - AFP

စက်တင်ဘာ ၂၈

ယီမင်နိုင်ငံမှာ စစ်ဖြစ်နေတဲ့ အစိုးရနဲ့ ဟူသီသူပုန်တွေကြားမှာ အကျဉ်းသား ၁၀၀၀ ကျော် အပြန်အလှန် လဲလှယ်ဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြေင်း ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေအပြီး တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ ညှိနှိုင်းဖြန်ဖြေသူတစ်ဦးက ပြောပါတယ်။ 

“အရမ်းကို အရေးပါတဲ့ မှတ်တိုင်တစ်ရပ်ဆီ ရောက်ရှိခဲ့တာကို ကြေညာရတာအတွက် ကျွန်တော်အတွက် အရမ်းကို စိတ်ကျေနပ်ရပါတယ်။”လို့ ကုလသမဂ္ဂသံတမန် မာတင်ဂရစ်ဖစ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ယီမင် ပဋိပက္ခအတွင်း ခုလို အများဆုံးအဖြစ် အကျဉ်းသား ၁၀၈၁ ဦးကို ပြန်လွှတ်ဖို့ ဆုံးဖြတ်တာကို ဆွစ်ဇာလန်နိုင်ငံ ဂီယွန်ကျေးရွာက အိမ်တစ်အိမ်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ရပ်မှာ ဂရစ်ဖစ်က ဂုဏ်ပြုပြောဆိုပါတယ်။ 

ဆွီဒင်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အကျဉ်းသား ၁၅၀၀၀ နီးပါးကို အပြန်အလှန် လဲလှယ်ရေး စတော့ဟုမ်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာအတွက် ဆော်ဒီဦးဆောင်တဲ့ စစ်ညွန့်ပေါင်းအဖွဲ့က ထောက်ခံတဲ့ ယီမင်အစိုးရနဲ့ အီရန်ကျောထောက်နောက်ခံပြုတဲ့ ဟူသီသူပုန်တို့ကို သူက ဂုဏ်ပြုခဲ့ပါတယ်။ 

အစိုးရနဲ့ ဟူသီသူပုန်တွေဟာ အကျဉ်းသားချင်း အပြန်အလှန် လဲလှယ်မှုကို ကြိုကြားကြိုကြား ဆောင်ရွက်ထားခဲ့ကြပေမယ့် အခု သဘောတူညီချက်အရ အစိုးရသစ္စာခံတွေနဲ့ သူပုန် ရာပေါင်းများစွာကို ပြန်လွှတ်ဖို့ လုပ်ဆောင်လာတာဟာ ၂၀၁၄ စစ်ဖြစ်ချိန်ကစလို့ နောက်ပိုင်း အကြီးမားဆုံး အကျဉ်းသားတွေ လဲလှယ်ပြန်လွှတ်ပေးတာပဲ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့အတွက်က စာရွက်ပေါ်မှာ လက်မှတ်ထိုးရုံ သက်သက်မဟုတ်ဘဲ သဘောတူညီချက်ကို တကယ်အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။”လို့ အကြီးတန်းသူပုန်တပ်မှူး မိုဟာမတ်အလီအယ်လ်ဟူသီက စနေနေ့မှာ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly