တရုတ် နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ အလည်အပတ် သွားရောက်ရန်ရှိပြီး ဆူဂါနှင့် တွေ့ဆုံနိုင်

By NHK
27 September 2020
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ အလည်အပတ် သွားရောက်ရန်ရှိပြီး ဆူဂါနှင့် တွေ့ဆုံနိုင်
Photo - NHK

စက်တင်ဘာ ၂၇ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှီမစ်ဆုနှင့် တွေ့ဆုံရန် လာမည့်လတွင် ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်ဖွယ်ရှိသည်ဟု NHK က ကြားသိထားသည်။ 

ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ နှင့် အစည်းအဝေးတစ်ခုကိုလည်း စီစဉ်လျက် ရှိသည်။ ယင်းသည် ဆူဂါအတွက် ရာထူးလက်ခံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ် အဆင့်မြင့်အရာရှိကြီးတစ်ဦးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမည်ဖြစ်သည်။ 

ဆူဂါနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား စက်တင်ဘာ ၂၅ ရက်တွင် တယ်လီဖုန်း စကားပြောဆိုမှုတစ်ခု နောက်ပိုင်း ယခုအစီအစဉ်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

၎င်းတို့သည် နှစ်ဘက်ခေါင်းဆောင်များအကြား အပါအဝင် အဆင့်မြင့်လယ်ဗယ် ဆက်သွယ်မှု၏ အရေးကြီးပုံကို အလေးပေးထင်ရှားစေခဲ့ကြပြီး နီးနီးကပ်ကပ် အတူတကွ အလုပ်လုပ်သွားရန်လည်း သဘောတူခဲ့ကြသည်။ 

လာမည့်လအစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုး ဂျပန်သို့ အလည်အပတ် လာရောက်ချိန် ဂျပန်ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံသွားဖွယ် ရှိနေသည်။ 

ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများ မြင့်တက်နေစဉ်ကာလအတွင်း အမေရိကန်၊ တရုတ် တာဝန်ရှိသူများနှင့်အကြား အစည်းအဝေးများ ဖြစ်ပေါ်လာရန် ရှိနေသည်။ 

ဆူဂါသည် ဂျပန်- အမေရိကန် မဟာမိတ်ပြုမှုကို ၎င်း၏ သံခင်းတမန်ခင်း၏ အဓိကအချက်အဖြစ် သတ်မှတ်ထားသလို တစ်ဘက်တွင်လည်း ၎င်းအနေဖြင့် တည်ငြိမ်သော ဆက်ဆံရေး တည်ဆောက်ရေး ရည်မှန်းချက်နှင့်အတူ တရုတ်နှင့် ဆက်သွယ်ချိတ်ဆက်မှုကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေသည်။ 

ဝန်ကြီးချုပ်အနေဖြင့် ၎င်းတို့၏ အစည်းအဝေးတွင် မစ္စတာ ဝမ်ထံ ၎င်း၏ ရည်ရွယ်ချက်များကို အသိပေးသွားဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly