ကယားပါတီ ၂ ခုမဲဆွယ်

စက်တင်ဘာလ  ၂၅ ၊၂၀၂၀

ငြိမ်းချမ်းရေးနှင့် လယ်ယာမြေ ပြသနာများကို ဖြေရှင်းနိုင်ရေး အတွက် လာမည့် ၂၀၂၀ နိုဝင် ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP ) နှင့် ကယန်းအမျိုးသားပါတီ (KNP) တို့ကို မဲပေးဖို့ KySDP ပါတီ အတွင်းရေးမှူး ဦးသဲရယ်က တိုက်တွန်းလိုက်သည်။

ယနေ့ ဒီမော့ဆိုမြို့နယ် ငွေဆောင်ဆည်တွင် KySDP နှင့်KNP ပါတီတို့ ပူးပေါင်းပြီး လူဦးရေး ၅၀၀ ခန့် ရှိသည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်၌  ဦးသဲရယ်က ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့ ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြသနာ ပေါင်းစုံ ရှိပါတယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ မြေ ယာ အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဒီနေ့ ဒီအချိန်အထိ မြေယာ သိမ်းဆည်းခံရပြီးတော့မှ အလူး အလဲ ခံနေရ တဲ့ ပြည်သူလူထု တောင်သူလယ်သမားတွေ အများအပြားရှိတယ် ဒီအချိန်မှာ အားပေးကူညီမယ့်သူတွေ ဘယ် သူမှ မရှိဘူး ကျနော်တို့ပဲရှိတယ် ကျနော်တို့ ပြည်နယ် အရေးကို ကျနော် တို့ပဲ ဆောင်ရွက်လို့ရတယ် ကျနော့်တို့ ပြည် နယ် ထဲမှာ ရှိတဲ့ ပြည်သူလူထုတွေကို ကျနော်တို့ပဲ ကိုယ်စားပြုနေတယ် ဆိုတာ လူငယ် တချို့ကနေ တဆင့် ပြည် သူလူထုတွေကို အသိပေးချင်ပါတယ် အဲဒါကြောင့် ၂၀၂၀ မှာ KySDP နဲ့ KNP ကို မဲထည့်ကြမယ် မဟုတ် လား” ဟု ပြောသည်။

KySDP နှင့်KNP ပါတီတို့ ပူးပေါင်း၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော် ၊ ဒီးမော့ဆို မြို့ နယ်၊ ဖရုးဆိုမြို့နယ်၊ မယ့်စဲမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့တွင် မဲဆန္ဒ နယ် ၃၀ ဝင်ရောက် ယဉ်ပြိုင်မည် ဖြစ်ကာ KNP ပါတီ အနေဖြင့် ကယားပြည်နယ်တွင် ၄ နေရာသာ ဝင်ရောက် ယှဉ် ပြိုင် မည် ဖြစ်သည်။

ပါတီ ၂ ခု၏ လွတ်တော်ကိုယ်စားလှယ်လောင်းအများစုသည် ဌာနေ တိုင်းရင်းသား လူလတ်ပိုင်းများ ဖြစ် ကြသလို အမျိုးသမီးများလည်း ပါဝင်သလို မြန်မာ ရှမ်း ကရင် အစရှိတဲ့ လူမျိုးများလည်း ပါဝင်ကြသည်။

ဖရုးဆိုမြို့နယ်တွင် နေထိုင်သည့် ဦးဖဲသူးက လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဌာနေ တိုင်းရင်းသား ပါတီ ဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ် ( KySDP ) ပါတီကို မဲပေးမည်ဟု မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က ဌာနေ တိုင်းရင်းသားဆိုတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကိုပဲ မဲပေးမယ် ဘာကြောင့်လဲ ဆိုတော့ ကိုယ်မြို့ ကိုယ့်ရွာ အကြောင်းကို သူတို့က ပိုသိလို့ မဲပေးတာ ဖြစ်တယ်” ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC) ၏ ၂၀၂၀ ခုနှစ် မေလ အတွင်းထုတ်ပြန် ထားသော စာရင်းများအရ ကယားပြည်နယ်တွင် တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂ ဦးနှင့် နိုင်ငံရေးပါတီ ၁၃ ခုတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required