ရုရှား၏ ရာသီစာ စစ်ရေးလေ့ကျင်မှုက အနောက်နိုင်ငံတွေကို စိတ်ကုန်နေသူတွေကို ညီညွတ်သွားစေ

By AFP
25 September 2020
ရုရှား၏ ရာသီစာ စစ်ရေးလေ့ကျင်မှုက အနောက်နိုင်ငံတွေကို စိတ်ကုန်နေသူတွေကို ညီညွတ်သွားစေ

စက်တင်ဘာ ၂၅ 

ရုရှားဟာ အနောက်နိုင်ငံတွေနဲ့ တင်းမာနေမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေတဲ့ကြားက တရုတ်နိုင်ငံနဲ့ အခြားမဟာမိတ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။  

နိုင်ငံတောင်ပိုင်းမှာ အခုသီတင်းပတ်ကစတင်ပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Caucasus-2020 ကို လုပ်ဆောင်ခဲ့ပါတယ်။ တပ်ဖွဲ့ပေါင်း ၁၂ ၀၀၀ ကျော်နဲ့ အင်အား ၈၀ ၀၀၀ ကျော်ပါဝင်ကြတဲ့ မြေပြင်ရေပြင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

တရုတ်၊ အီရန်နဲ့ မြန်မာတွေဟာလည်း ဘီလာရုစ်အပါအဝင် ဆိုဗီယက်ဟောင်းနိုင်ငံတွေနဲ့အတူ အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြပါတယ်။  

စစ်ရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဗက်စီလီကာရှင်းက “ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ရုရှားတပ်ဖွဲ့တွေက အကြီးစားပဋိပက္ခတွေမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်မှုကို နှစ်စဉ်စမ်းသပ်စစ်ဆေးမှုပဲဖြစ်ပါတယ်။  စစ်ခေါင်းဆောင်တွေရဲ့ ထိပ်တန်းကွပ်ကဲတပ်ဖြန့်မှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အထွေထွေဌာနချုပ်နဲ့ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်တွေအတွက် လုပ်တဲ့ စစ်ရေးလေ့ကျင့်မှုပါ။ ၂၀၁၆ ခုနှစ်ကနဲ့စာရင် ရုရှားမှာ လေတပ် တပ်ဖွဲ့တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ တိုးတက်လာပါတယ်” လို့ သုံးသပ်ပြပါတယ်။ 

Caucasus-2020 စစ်ရေးလေ့ကျင့်မှုကို စနေနေ့ (စက်တင်ဘာ ၂၆) ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ပင်လယ်နက်နဲ့ ကက်စပီယန်ပင်လယ်တို့မှာလည်း ရေတပ်လေ့ကျင့်မှုတွေ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။  

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တင့်ကားအစီး ၂၅၀၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၄၅၀ ခန့်နဲ့ သံချပ်ကာယာဉ်တွေဟာ ဒုံးကျည်လောင်ချာနဲ့ အမြောက်စနစ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ကြမှာဖြစ်ပါတယ်။  

ရုရှားတပ်ဖွဲ့တွေဟာ ဇွန်လကကျင်းပခဲ့တဲ့ အောင်ပွဲနေ့အခမ်းအနားမှာ ပထမဆုံးပြသခဲ့တဲ့  TOS-2 အကြီးစား မီးသေနတ်များကိုလည်း စမ်းသပ်သွားမှာဖြစ်ပါတယ်။  

သမ္မတဗလာဒီမာပူတင်ဟာ သူ့ရဲ့ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှုကာလအတွင်းမှာ စစ်တပ်ပြန်လည်ရှင်သန်ရေးကို ဦးစားပေးတစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။  

ရုရှားစစ်တပ်မှာ တိုက်လေယာဉ်သစ်တွေ၊ တင့်ကားတွေ၊ ဒုံးကျည်တွေ ပိုင်ဆိုင်ထားပြီး အာတိတ်ဒေသမှာ စစ်အခြေစိုက်စခန်းသစ်တွေကိုလည်းဖွင့်ခဲ့ကာ စစ်အေးတိုက်ပွဲစတိုင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကင်းလှည့်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly