နောက်ထပ် ထောက်ပံ့မှု မရတဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးကို စွပ်စွဲတိုင်ကြားမှု ရှိနေ

နောက်ထပ် ထောက်ပံ့မှု မရတဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးကို စွပ်စွဲတိုင်ကြားမှု ရှိနေ

ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ နိုင်ငံတော်က ထောက်ပံ့တဲ့ငွေ မရရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စု၊ ကင်းကျေးရွာအပါအဝင် ကျေးရွာ ငါးရွာမှ ဒေသခံ ရာချီက ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒေသခံအများစုက ဆန်၊ ဆီ၊ ဆား စတာတွေထောက်ပံ့စဉ်က ရရှိခဲ့တာတွေရှိသလို ပထမအကြိမ် ငွေကျပ် နှစ်သောင်း ထောက်ပံ့စဉ်ကလည်း ရရှိခဲ့တာတွေရှိပါတယ်။ နောက်အကြိမ်တွေ ထောက်ပံ့ကြေး ပေးတဲ့အခါမှာတော့ မရရှိခဲ့ကြတော့ပါဘူး။

အဲဒီလို မရရှိခဲ့သူအများစုဟာ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် မရရှိခဲ့တော့တာပါ။ ဒါပေမယ့် သူတို့ နာမည်တွေနဲ့ ထောက်ပံ့ကြေးငွေ ထုတ်ယူခဲ့တာတွေရှိတယ်လို့လည်း မရရှိခဲ့တဲ့သူတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

ရိုက်ကူး - တည်းဖြတ် -  အောင်ကိုဦး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly