ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် အထူးရဲ ၉၀၀ ကျော်ခန့်မည်

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် အထူးရဲ ၉၀၀ ကျော်ခန့်မည်

ကချင်ပြည်နယ် တစ်ခုလုံးက မဲရုံတွေမှာ အထူးရဲ ၉၁၈ ဦးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်အထိ ခန့်အပ်သွားမယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်ဇင်က ပြောပါတယ်။

အဲ့ဒီ အထူးရဲတွေအတွက် ရွေးကောက်ပွဲအတွင်း ဆောင်ရွက်ရမယ့် ရဲလုပ်ငန်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ကချင်ပြည်နယ်က အရာရှိ လေးယောက်၊ ဒုရဲမှူး နှစ်ယောက် သင်န်းတက်နေကြောင်း၊ ပြန်လာတဲ့အခါမှာ ဆင့်ပွားသင်တန်းအဖြစ် အရာရှိ အယောက် ၃၀ နဲ့ ပြည်နယ်အတွင်းမှာ ပို့ချသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်ဇင်ကတော့ အထူးရဲတွေ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ ဥပဒေတွေကို သင်ကြားသွားမယ်လို့ ပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - ရန်အောင်ထွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly