ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို
ဓာတ်ပုံ - ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို

စက်တင်ဘာလ ၂၃

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ငွေကြေး သုံးစွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ စက်တင် ဘာလ ၈ ရက်နေ့က တိုင်ကြားစာ ပေးပို့ထားပြီဖြစ်သော်လည်း စက်တင်ဘာ ၂၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိသေး ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကပြောသည်။

ဦးသဲရယ်သည်  ကယားပြည်နယ် ဝန်ကြီးချုပ် အပေါ်စွပ်စွဲ ပြစ်တင်မှု၌ ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ဦးသဲရယ်က “ လက်ရှိကျနော်တို့ သိတာကတော့ သိန်း ပေါင်း ၅၀၀၀ ဝန်းကျင် လောက် တွေ့ရ ပါတယ်။  ဒီလောက်များတဲ့ ငွေကြေးကို ဒီတိုင်း လွှတ်ထား မယ်ဆိုလို့ ရှိရင်လည်း ဒီလိုကိစ္စ မျိုးကို လွှတ်ထားတဲ့ လူတွေ လည်း သူတို့မှာ အဂတိလိုက်စား၊ အဂတိ မြောက်တယ်လို့ ကျနော်တို့ စွပ်စွဲလို့ ရတယ်” ဟု ပြောသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို ပြည်နယ် ရန်ပုံငွေ အလွဲသုံးစား လုပ်ခြင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖရုဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ ) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြော ရေး ဆိုခွင့်ရှိသူ  ဦးကျော်စိုးက “ စုံစမ်း စစ် ဆေးရေး ကိစ္စရပ် ဖြစ်တယ် ဆိုရင်လည်း တိုင်ကြား စာတွေကို လျှို့ဝှက် ထားတယ် စုံစမ်းစစ် ဆေးရေး စာတွေကို လျှို့ဝှက် ထားရ ပါတယ် ပြီးမှသာ ကျနော်က လုပ်ငန်းဆောင် ရွက်ချက် ပြီးသွားပြီ ဆိုတဲ့ အချိန်မှာ ပြည်သူ လူထုကို အသိ ပေးတဲ့ ကိစ္စကို ထုတ်ပြန် ပေးတယ် တချို့ကိစ္စ တွေကျတော့ တိုင်ကြား သူကို အကြောင်းပြန်ကြားစာလေးတွေ ပို့ပေးပါ တယ်”ဟု မဇ္ဈိမ သတင်း ဌာနကို ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ဥပဒေနှင့် အညီ ပြဌာန်းထားသော အဖွဲ့ အစည်း ဖြစ် သည့် အတွက် ဥပဒေနှင့် အညီ  ဆောင်ရွက်ရကြောင်း  ဦးကျော်စိုးက ရှင်းပြသည်။

ကယားပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် အခြေခံ၍ ပြည်နယ်ဝန်ကြီးချုပ်အား လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ကြောင်း အဆိုတင်သွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ ဖြင့်  လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အတွက် တာဝန်မှ ရပ်နားခံခဲ့ရခြင်း ဖြစ်သည်။

လစ်လပ်သွားသည့် ဝန်ကြီးချုပ်နေရာကို  ခေတ္တဝန်ကြီးချုပ် အဖြစ် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုအား ခန့်အပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly