အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် လူအမြောက်အများ ခေါင်းဖြတ်ခဲ့သည့် အိုက်အက်စ် စစ်သွေးကြွ ဂျီဟတ်ဂျွန်ကို ပစ်မှတ်ထားခဲ့ဟုဆို

အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် လူအမြောက်အများ ခေါင်းဖြတ်ခဲ့သည့် အိုက်အက်စ် စစ်သွေးကြွ ဂျီဟတ်ဂျွန်ကို ပစ်မှတ်ထားခဲ့ဟုဆို

လန်ဒန်၊ နိုဝင်ဘာ-၁၃ ။              ။ အမေရိကန်တပ်ဖွဲ့များက အိုင်အက်စ်အုပ်စု စစ်သွေးကြွ ဂျီဟတ်ဂျွန်ကို ပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် ၎င်းအား ထိမှန်နိုင်ဖွယ် ရာခိုင်နှုန်းများသည်ဟု ဆိုသည်။

ကူဝိတ်နွယ်ဖွား ဗြိတိန်နိုင်ငံသား စစ်သွေးကြွတစ်ဦးဖြစ်သည့် မိုဟာမက် အမ်ဝါဇီမှာ အနောက်တိုင်းသား ဓားစာခံများကို ခေါင်းဖြတ်သည့် ဗွီဒီယိုများတွင် မကြာခဏပေါ်လာတတ်သည်။

ဆီးရီးယားနိုင်ငံ ရက်ကာအနီး ယာဉ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အခြားလူတစ်ဦးလည်း ရှိနေခဲ့သည်ဟု ယူဆရသည်ဟု ဆိုသည်။

ဓားစာခံများကို သတ်ဖြတ်နေသူများအား ခြေရာခံရန်အတွက် အမေရိကန်များနှင့် လက်တွဲအလုပ်လုပ်နေပါတယ်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။ အမ်ဝါဇီကို ကလာအတော်ကြာ ဂရုတစိုက် ခြေရာခံနေခဲ့သည်ဟုလည်း အမေရိကန်အရာရှိတစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့သည်။

အေပီသတင်းဌာနက အမေရိကန်အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြရာတွင်လည်း တိုက်ခိုက်မှုတွင် လူမဲ့လေယာဉ်တစ်စင်းကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားများကို ခြေရာခံမိရေးမှာ ပထမဦးစားပေးဖြစ်သည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားခဲ့သည်။

အမ်ဝါဇီမှာ အိုင်အက်စ်စစ်သွေးကြွများနှင့် အဆက်ရပြီးနောက် ၂၀၁၃ခုနှစ်တွင် ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သည်ဟု ယူဆရသည်။ အမ်ဝါဇီမှာ ယမန်နှစ် သြဂုတ်လက အမေရိကန်ဂျာနယ်လစ် ဂျမ်းစ် ဖိုလေးကို သတ်ဖြတ်နေပုံ လိုင်းတင်လာသည့် ဗွီဒီယိုထဲတွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့သည်။

ထို့နောက် အမ်ဝါဇီမှာ အမေရိကန်ဂျာနယ်လစ် စတီဗင် ဆော့လော့ဖ်၊ ဗြိတိသျှအကူညီပေးရေးလုပ်သား ဒေးဗစ် ဟိုင်းနက်စ်၊ ဗြိတိန်နိုင်ငံသား အငှားယာဉ်မောင်းသူ အလန် ဟန်းနင်း၊ အမေရိကန် အကူအညီပေးရေးလုပ်သား အဗ္ဗဒူ ရာမန် ကက်ဆင်နှင့် ဂျပန်ဂျာနယ်လစ် ကင်ဂျီ ဂိုတိုတို့ကို ခေါင်းဖြတ်ကွက်မျက်သည့် ဗွီဒီယိုများတွင်လည်း ပါဝင်လာခဲ့သည်။

ထိုဗွီဒီယိုများထဲတွင် စစ်သွေးကြွအမ်ဝါဇီမှာ ဝတ်စုံနက်၊ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ခေါင်းစွပ်အနက်တို့ကို ဝတ်ဆင်ထားသည်။

ကနဦးက မီဒီယာက ဂျီဟတ်ဂျွန်ဟု ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် လန်ဒန်အနောက်ပိုင်းမှ အမ်ဝါဇီဖြစ်ကြောင်း ဖော်ထုတ်သိရှိလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly