ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့တွင်လုပ်ငန်းများလုပ်ကိုင်ရန်အိန္ဒိယနှင့်ဂျပန် ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့တွင်လုပ်ငန်းများလုပ်ကိုင်ရန်အိန္ဒိယနှင့်ဂျပန် ဆွေးနွေး

စက်တင်ဘာ ၂၁

အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည်တတိယနိုင်ငံများ၌လုပ်ငန်းများပူးပေါင်းဆောင်ရွက်ကြရန်ကြိုးပမ်းမှုအဖြစ်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့၌စီမံကိန်းများပူးပေါင်းဆောင်ရွက်ကြရန်အခွင့်အလမ်းများရှာဖွေလျက်ရှိကြသည်ဟုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာ ကသောကြာနေ့တွင်ပြောကြားခဲ့သည်။  

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသခေတ်မီရေးစီမံကိန်းများဆောင်ရွက်ရန် ရည်မှန်းထားသည့် အိန္ဒိယ-ဂျပန်အရှေ့ပိုင်းဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်၊မြန်မာနိုင်ငံတို့နှင့်ချိတ်ဆက်မှုပိုမိုပြုလုပ်သွားမည်ဖြစ် ကြောင်း၊”အိန္ဒိယ-ဂျပန်”တို့၏အဓိကရည်မှန်းချက်များကိုထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ အခွင့် အရေးများကိုဖမ်းဆုပ်ရမည့်အချိန်ရောက်နေကြောင်းဖြင့် အက်စ်ဂျေရှန်ကာ ကပြောကြားခဲ့သည်။

ယခုလက်မှတ်ရေးထိုးခဲ့သည့်လုပ်ငန်းများရှာဖွေရန်နှင့် အပြန်အလှန်ဝန်ဆောင်မှုပေးရေးဆိုင်ရာ သဘောတူညီချက်(ACSA)တွင်အိန္ဒိယနှင့်ဂျပန်တပ်မတော်များအကြားအပြန်အလှန်ထောက်ပံ့ရေး နှင့်ဝန်ဆောင်မှုပေးရေး လုပ်ငန်းစဉ်များလည်းပါဝင်ပြီးအာရှတစ်ဝန်းတည်ငြိမ်ရေးနှင့်လုံခြုံရေးတိုးမြှင့် စေရန်လည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှန်ကာ ကပြောကြားခဲ့သည်။

အိန္ဒိယ၊ဩစတေးလျနှင့်ဂျပန်နိုင်ငံအပါအဝင်နိုင်ငံအများအပြားသည် တရုတ်နိုင်ငံ၏ရန်စမှုနှင့်ကိုယ့်ကို ကိုယ်ယုံကြည်မှုများပြားလာမှုကိုရင်ဆိုင်နေရချိန်တွင် အင်ဒို-ပစိဖိတ်ဒေသတစ်လျှောက်ရှိနိုင်ငံများနှင့် မိတ်ဆွေဖွဲ့မှု များပိုမိုကြိုးပမ်းပြုလုပ်ရန်အချက်ကိုဝန်ကြီး၏မှတ်ချက်ကဆန့်ကျင်နေဟန်ရှိသည်။

တတိယနိုင်ငံများတွင်လုပ်ငန်းများလက်တွေ့ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့်ဂျပန်တို့ဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ ဂျေရှန်ကာ က“သီရိလင်္ကာနိုင်ငံတွင်အနည်းငယ်မျှပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မည်သသည့်နိုင်ငံတွင်ပူးပေါင်းဆောင်ရွက်နိုင်မည်ကိုလေ့လာလျက်ရှိပြီးဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံများနှင့်ပိုမိုနီးကပ်စွာချိတ်ဆက်သွားမည်”ဟုပြောကြားခဲ့သည်။

အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့သည်အာဆီယံနိုင်ငံများနှင့်နီးကပ်စွာလုပ်ငန်းလုပ်ဆောင်မှုများပြုလုပ်လျက်ရှိပြီး အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် လေးနိုင်ငံဆွေးနွေးမှုများကိုဆောင်ရွက်ခဲ့သည်။ ရုရှားနိုင်ငံအရှေ့ ဖျားနှင့်ပစိဖိတ် ကျွန်းနိုင်ငံများနှင့်လည်းပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ရှန်ကာ ကအကြံပေးပြောကြား ခဲ့သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်ကလက်မှတ်ရေးထိုးခဲ့သည့် ACSA သည်”မိမိတို့၏စွမ်းရည်နှင့်လုပ်ငန်းပူး ပေါင်းလုပ်ကိုင်လိုသည့်ရည်ရွယ်ချက်ကိုအလွန်တရာလက်တွေ့ကျကျပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊ အာရှဒေသ ၏တည် ငြိမ်ရေးနှင့်လုံခြုံရေးအတွက် အင်ဒို-ပစိဖိတ်နိုင်ငံများနှင့်ပူးပေါင်းနိုင်လိမ့်မည်ဟု    ယုံ ကြည်ပါကြောင်းဖြင့် ရှန်ကာ ကပြောကြားခဲ့သည်။

Covid-19 ရောဂါကူးစက်မှုသည်ကျန်းမာရေးအပါအဝင်အမျိုးသားလုံခြုံရေး၊စီးပွားရေးနှင့်ထောက်ပံ့မှု လုံခြုံရေး၊မဟာဗျူဟာအရသဘောထားအယူအဆများကိုပိုမိုထိခိုက်စေသည်။ဂျပန်နှင့်ပူးပေါင်းရမည့် ခေတ်သစ်ဖြစ် လာတော့မည်ဟု ရှန်ကာ ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly