တရုတ် ဇီဝဆေးဝါးစက်ရုံ ယိုစိမ့်မှုကြောင့် လူထောင်နှင့်ချီ၍ ဘက်တီးရီးယား ရောဂါပိုးများကို ကူးစက်မှုဖြစ်ပွား

တရုတ် ဇီဝဆေးဝါးစက်ရုံ ယိုစိမ့်မှုကြောင့် လူထောင်နှင့်ချီ၍ ဘက်တီးရီးယား ရောဂါပိုးများကို ကူးစက်မှုဖြစ်ပွား

စက်တင်ဘာ ၁၉

ဘေဂျင်း၊ တရုတ်။ ။ ပြီးခဲ့သည့်နှစ်က နိုင်ငံပိုင် တိရစ္ဆာန်ကာကွယ်ဆေး ထုတ်သော ဇီဝဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုမှ ယိုစိမ့်မှုဖြစ်ပြီးနောက်  တရုတ် အနောက်မြောက်ဘက်ရှိ ထောင်ပေါင်းများစွာသော လူများတွင် ဘက်တီးရီးယားရောဂါတစ်မျိုး ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။

  လူပေါင်း ၃,၂၄၅ ဦး သည် ရောဂါကူးစက်ခံရသော တိရိစ္ဆာန်များနှင့် တိရိစ္ဆာန်ထုတ်ကုန်များကို အနီးကပ်ထိတွေ့မှုကြောင့် ဖျားခြင်း၊ အဆစ်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေ‌သော brucellosis ကူးစက်ခံရကြောင်း Lanzhou မြို့ရှိ ကျန်းမာရေးအရာရှိများက ပြောသည်။

နောက်ထပ် လူပေါင်း ၁,၄၀၁ ဦး ကို ရောဂါအတွက် စောစောစီးစီး စစ်ဆေးခဲ့ရာ ရောဂါကူးစက်ခံထားရပြီး  ကျန်းမာရေးအာဏာပိုင်များကတော့ ယခုအချိန်အထိ လူမှလူသို့ ကူးစက်သည့် အထောက်အထား မရှိသေးဟု ပြောကြားသည်။

 ဇီဝဆေးဝါး ထုတ်လုပ်သည့် စက်ရုံသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ သြဂုတ်လအတွင်း တိရိစ္ဆာန်များအတွက် Brucella ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် သက်တမ်းလွန် ပိုးသတ်ဆေးကို အသုံးပြုခဲ့ကြောင်း တရုတ်အာဏာ ပိုင်များက တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ ဘက်တီးရီးယားများသည် စက်ရုံလေထုထဲတွင် ပျောက်ကွယ်သွားခြင်း မရှိဟု ဆိုလိုသည်။

Lanzhou ရှိ  China Animal Husbandry Lanzhou Biopharmaceutical Factory စက်ရုံမှထွက်သော ညစ်ညမ်းဓာတ်ငွေ့သည် ဘက်တီးရီးယားများပါဝင်သည့် လေထုဖြစ်ပေါ်စေပြီး ၎င်းကို လေပင့်၍ Lanzhou Veterinary Research Institute ဘက်သို့ရောက်သွားခဲ့ရာက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုနေရာရှိ လူ ၂၀၀ ခန့်ကူးစက်သွားစေခဲ့သည်။
 
သုတေသနအင်စတီကျူဘက်သို့သွားရောက်ခဲ့ဖူးသူတစ်ချို့ပါဝင်သော Lanzhou တက္ကသိုလ်မှ ကျောင်းသား ၂၀ နှင့် ဆရာဝန်ပေါင်း ၂၀ ကျော်တို့တွင်   ရောဂါကူးစက်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။
 
Lanzhou ကျန်းမာရေး ကော်မရှင်မှ သောကြာနေ့က ပြောကြားခဲ့သည်မှာ သိုး၊ နွားနှင့်ဝက်များသည် ဘက်တီးရီးယား ပျံ့နှံ့မှုတွင် များသောအားဖြင့် ပါဝင်ပတ်သက်နေသည်ဟု ပြောခဲ့သည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ ပြောကြားချက်အရ လူတစ် ဦး မှတစ် ဦး သို့ brucellosis ကူးစက်မှုသည် အလွန်ရှားပါး‌သော်လည်း အချို့သော လက္ခဏာများသည် ပြန်ပေါ်လာခြင်း (သို့) လုံးဝပျောက်ကွယ်သွားခြင်း မရှိခြင်းတို့ ဖြစ်နိုင်သည်ဟုဆိုသည်။

ဤကူးစက်မှုများသည် ယခုထပ်မံ ဖြစ်ပွား‌နေ‌သော အဖျား, နာတာရှည်ပင်ပန်းနွမ်းနယ်မှုများ, နှလုံးရောင်ရမ်းခြင်း သို့မဟုတ် အဆစ်‌ရောင်ရမ်းခြင်းတို့ ပါဝင်သည်။

ယခုနှစ်အစောပိုင်းက တောင်းပန်ခဲ့သော အဆိုပါစက်ရုံ၏ brucellosis ကာကွယ်ဆေး ထုတ်လုပ်မှု လိုင်စင်ကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း Lanzhou အာဏာပိုင်များက ပြောကြားခဲ့သည်။

 ဒေသအာဏာပိုင်များအဆိုအရ လူနာများအတွက် လျော်ကြေးငွေကို အသုတ်များခွဲ၍ အောက်တိုဘာမှ စတင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly