အမေရိကန် အလဘားမားနဲ့ဖလော်ရီဒါပြည်နယ်ကိုတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းဆာလီကြောင့် လူ ၁ ဦးသေဆုံး

By AFP
19 September 2020
အမေရိကန် အလဘားမားနဲ့ဖလော်ရီဒါပြည်နယ်ကိုတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းဆာလီကြောင့် လူ ၁ ဦးသေဆုံး
Photo - AFP

စက်တင်ဘာ ၁၉  

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ အလဘားမားနဲ့ ဖလော်ရီဒါပြည်နယ်တွေကို ဦးတည်ပြီး အဆင့် နှစ် ဟာရီကိန်းမုန်တိုင်း ဆာလီတိုက်ခတ်ခဲ့လို့ လမ်းမတွေ ရေကြီးပြီး သစ်ပင်တွေ ပြိုလဲကာ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ခဲ့ရပါတယ်။

အိမ်ပြတင်းပေါက်တွေလည်း ပွင့်ထွက်သွားပြီး ကြုံတွေ့သမျှ အဆိုးဆုံးမုန်တိုင်းထဲက တစ်ခုဖြစ်တယ်လို့ အလဘားမားပြည်နယ် Orange Beach မှာနေတဲ့ ဒေသခံ မက်ဝစ်ဆန်က ပြောပါတယ်။

ဝစ်ဆန်က “ ကျွန်တော့်အိမ်ဆို ရေထဲကလှေလို လှုပ်ခါနေခဲ့တာပါ။ အိမ်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ မုန်တိုင်းပြင်းထန်နေတဲ့အချိန်မှာ အိမ်ကိုပစ်ပြီးထွက်ပြေးခဲ့ရပါတယ်။ ငါးပေအနက်ရှိတဲ့ရေကိုဖြတ်ပြီး ဘေးအိမ်ကို သွားခဲ့ရပါတယ်” လို့ဆိုပါတယ်။

မုန်တိုင်းကြောင့် အလာဘားမားမှာ သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့ Orange Beach ရဲဌာနက AFP ကို ပြောပါတယ်။  

အလဘားမားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ အိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်း ၄၀၀ ၀၀ ကျော်လောက် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် မြို့တော် ပန်ဆာကိုလာရဲ့ တချို့နေရာတွေမှာတော့ ဆိုးဆိုးရွားရွားရေနစ်မြုပ်မှုတွေဖြစ်ခဲ့ပါတယ်။

ပန်ဆာကိုလာနဲ့ အနီးအနားကကောင်တီတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ကာဗျူးမိန့်ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly