အင်တာမိုင်ယာမီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဂျူဗင်တိုက်စစ်မှူးဟောင်း ဟီဂူအင်း

အင်တာမိုင်ယာမီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဂျူဗင်တိုက်စစ်မှူးဟောင်း ဟီဂူအင်း

 အာဂျင်တိုင်းသား တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအသင်းဟာ ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်တယ်လို့ ကလပ်အသင်းက သောကြောနေ့က ကြေညာခဲ့ပါတယ်။ 

ဂျူဗင်က အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် သူဟာ ဖလော်ရီဒါမှာ ကစားနေတဲ့ ဂျူဗင်အသင်းဖော် မာတူးဒီနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပြီး ပြိုင်ဘက် ဒီစီယူနိုက်တက်က သူ့ရဲ့အစ်ကိုဖြစ်သူ ဖီဒီရီကိုနဲ့ လိဂ်တစ်ခုတည်းမှာ ကစားရမှာဖြစ်ပါတယ်။ 

"တစ်ဦးချင်းအနေနဲ့ ကျနော့်ရည်မှန်းချက်က ကျနော်ဟာ ဒီနေရာမှာ ပံ့ပိုးနိုင်တာနဲ့ ဆက်လက် ကစားနေနိုင်တာကို ပြသဖို့ပါ။"လို့ အင်ဂျင်တိုင်းသား ဟီဂူအင်းက ပြောပါတယ်။ "ကျနော် အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်မှာ အောင်မြင်မှုရဖို့ လိုအပ်တဲ့ အရာတွေရှိတနောကြောင့်ပါ။ " 

ဟီဂူအင်းဟာ ၂၀၁၆ ခုနှစ်က နပိုလီအသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီမှာ အေစီမီလန်ကို ပထမအကြိမ် အငှားချခံရပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်နဲ့ ပြန်လည်မပူးပေါင်းခင် ချယ်လ်ဆီးကို ရောက်ရှိခဲ့ပါတယ်။

ဂျူဗင်နည်းပြသစ် ပီယာလိုက အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်မှာ ကစားခဲ့ပြီး နိုင်ငံတကာပွဲပေါင်း ၇၅ ပွဲကစား၊ ၃၁ ဂိုးသွင်းယူခဲ့တဲ့ ဟီဂူအင်းဟာ ကလပ်အသင်းရဲ့ အစီအစဉ်တွေမှာ မပါဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။  

သူဟာ အသင်းကနေ ထွက်ခွာသွားတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆုအပါအင် လိဂ်ချန်ပီယံသုံးကြိမ်ဆွတ်ခူးရာမှာ ဂျူဗင်ကို ကူညီခဲ့ပါတယ်။

"ကျနော့်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့တဲ့ အင်တာမိုင်ယာမီအသင်းကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။"လို့ ဟီဂူအင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ဒါဟာ ကျနော့်ဘဝမှာ လှပတဲ့ အတွေ့အကြုံတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။" 

"အတွေ့အကြုံသစ်၊ လိဂ်သစ်နဲ့ လှပတဲ့မြို့ဆိုတာ ကျနော် ရှာဖွေနေတဲ့ အရာပါ။ ဒီနေမှာ ရှိနေတာ တကယ်ပျော်ပါတယ်။" 

"ကျနော့်ရဲ့ ရည်မှန်းချက်က ဥရောပမှာ ကျနော်ရရှိခဲ့တဲ့ အတွေ့အကြုံအားလုံးကို လက်ဆင့်ကမ််းဖို့နဲ့ အသင်းကြီးထွားလာအောင် ကူညီ ကြိုးစားပေးဖို့ဖြစ်ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly