ဇန်နဝါရီမှာ ရောက်ရှိလာပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ၂၀၁၉-၂၀ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနို ဖာနန်ဒက်စ် ရရှိ

ဇန်နဝါရီမှာ ရောက်ရှိလာပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ၂၀၁၉-၂၀ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနို ဖာနန်ဒက်စ် ရရှိ

ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကို ရာသီဝက်မှသာ ရောက်ရှိလာပေမယ့် ၂၀၁၉-၂၀ အတွက် မန်ချက်စတာယူနိုက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ဇန်နဝါရီလမှာ မွေးရပ် စပို့စ်တင်းအသင်ကနေ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ပြီးနောက် အင်္ဂလိပ်ကလပ်အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ 

သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေမှာ ဆိုးလ်ရှားရဲ့ အသင်းအတွက် ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လာစေပြီး အင်္ဂလိပ်ထိပ်တန်းလိဂ်မှာ တတိယနေရာ ရပ်တည်အောင် ကူညီခဲ့တာပါ။ 

ဖာနန်ဒက်စ်က "ဒါပေါ့ အသင်းအတွက်၊ ကလပ်နဲ့ ပရိသတ်တွေအတွက် ဆုဖလားတချို့ကို ခင်ဗျား ရယူပေးချင်မှာပါ။ ဒါပေမယ့် တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့အတူ ကျနော် ပျော်ရွှင်မိပါတယ်ဆိုတာ ပြောစရာ မလိုအောင်ပါ။"လို့ ကလပ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

"'အိုး ကျနော် ဂရုမစိုက်ဘူး။ အရာအားလုံးကိုရောပေါ့’လို့ ခင်ဗျာပြောနိုင်တယ်ဆိုတာ ကျနော် သိထားပါတယ်။ ဒါပေမယ့် ဒါဟာ ကစားသမားတစ်ယောက်အတွက် အမြဲ အရေးကြီးပါတယ်။ ဒီလိုမျိုး ဆုမျိုးကို ခင်ဗျာ ရတဲ့အခါ ခင်ဗျာ အမြဲ ကောင်းမွန်တယ်လို့ ခံစားရမှာပါ။ ကျနော်လည်း ဒီလိုပါပဲ။ ကျနော် တကယ် ပျော်ပါတယ်။ ကလပ်အသင်းနဲ့ ပရိသတ်အတွက် ဆုဖလားများစွာ ရယူပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒါနဲ့ ထိုက်တန်တယ်လို့ မြင်ပါတယ်။" 

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ ရွေးချယ်မဲပေးတဲ့ ဒီဆုကို ဒုတိယနေရာက အန်တိုနီ မာရှယ်ကို ကျော်ပြီး ရရှိခဲ့တာပြီး တတိယနေရမှာတော့ ရပ်ရှ်ဖို့ဒ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ၂၀၁၈-၁၉ ရာသီက ရွေးချယ်ခံခဲ့ရတဲ့ လုခ်ရှော်ဆီကနေ ဆုကို ဆက်ခံခဲ့တာပါ။ 

ကလပ်အသင်း ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်က မဲတွေရဲ့ ၃၅.၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး သူ့ရဲနောက် မာရှယ်က ၃၄ ရာခိုင်နှုန်းနဲ့ ရပ်ရှ်ဖို့ဒ်က ပရိသတ်တွေရဲ့ ရွေးချယ်မှုရဲ့ ၁၀.၄ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မေဆန် ဂရင်းဝုဒ်က ၈.၃ ရာခိုင်နှုန်း၊ ဘစ်ဆာကာက ၃.၈ ရာခိုင်နှုန်း၊ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ၂.၄ ရာခိုင်နှုန်းတို့နဲ့ အသီးသီးအဆင့်လိုက်ရပ်တည်ခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လအနည်းငယ် ရွှေ့ဆိုင်းခဲ့တဲ့ ရာသီဝက် ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၈ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ 

သူဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစား၊ စုစုပေါင်း ၁၂ ဂိုးသွင်းယူခဲ့ပြီး သူတို့ဟာ အက်ဖ်အေဖလားနဲ့ ယူရိုလိဂ်တို့ရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို ရောက်ရှိခဲ့သလို ဒီအဆင့်မှာ ချယ်လ်ဆီးနဲ့ ဆီဗီလားအသင်းတို့ကိုလည်း အသီးသီး ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ကလပ်အသင်းရဲ့ ပရိသတ်တွေကတော့ ပေါလ်ပေါ့ဂ်ဘာနဲ့ ကစားသမားသစ် ဗန်ဒီဘိခ်တို့နဲ့အတူ ကွင်းလယ်မှာ တစ်ရာသီလုံး ချိတ်ဆက်ကစားတာနေတာကို တွေ့မြင်ရဖို့ စိတ်လှုပ်ရှားနေကြပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly