အမေရိကန်မှာ သမ္မတလောင်း ၂ ယောက်ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို စက်တင်ဘာ ၂၉ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဘယ်သမ္မတလောင်းကို ရွေးချယ်မလဲလို့ ဆုံးဖြတ်ရခက်နေသူမျိုးတွေအတွက် သမ္မတလောင်းတွေရဲ့ အခြေအတင် စကားစစ်ထိုးပွဲတွေဟာ အရေးကြီးပါတယ်။ အဲဒီစကားစစ်ထိုးပွဲတွေမှာ သမ္မတလောင်း ၂ ဦးနဲ့အတူ စကားစစ်ထိုးပွဲစင်မြင့်မှာ ရှိနေတဲ့ စကားစစ်ထိုးပွဲကို ဦးဆောင်ကျင်းပသူ Moderator ရဲ့ အခန်းကဏ္ဍကလည်း သိပ်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတာ VOA သတင်းထောက် Steve Redisch ရှင်းပြထားတာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။