မန်းမှာ ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦးသေဆုံး

မန်းမှာ ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦးသေဆုံး

မန္တလေးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ အသက် ၈၀ကျော်အရွယ် အမျိုးသမီးတစ်ဦး စက်တင်ဘာ ၁၆ ရက်ညပိုင်းက မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ သေဆုံးသွားတဲ့အတွက် ဒီနေ့ အေးရိပ်ငြိမ် သုဿန်မှာ မီးသဂြိင်္ုလ်လိုက်ပြီးလို့သိရပါတယ်။
သေဆုံးသူဟာ မဟာအောင်မြေမြို့နယ်က ဖြစ်ပြီး မန္တလေးအထွေထွေကုဆေးရုံကြီးကို စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပြီး အဲဒီည ၁၁ နာရီကျော်ကသေဆုံးခဲ့တာပါ။သေဆုံးသူမှာ ဆီးချိုနဲ့သွေးတိုးရောဂါအခံတွေရှိတယ်လို့သိရပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly