အမေရိကန်က ထိုင်ဝမ်ကိုလက်နက်အများအပြား ရောင်းချပေးရန်စီစဉ်

အမေရိကန်က ထိုင်ဝမ်ကိုလက်နက်အများအပြား ရောင်းချပေးရန်စီစဉ်

စက်တင်ဘာ ၁၇

မိုင်းများ၊ ဖျက်သင်္ဘောဒုံးကျည်များနှင့် ဒရုန်းများအပါအဝင် အဓိကကျသောလက်နက် ခုနှစ်မျိုးကို အမေရိကန် က ထိုင်ဝမ်နိုင်ငံသို့ရောင်းချပေးရန်စီစဉ်ခဲ့သည်။

အမေရိကန်စစ်တပ်က ထိုင်ဝမ်သို့လက်နက် ခုနှစ်မျိုးကိုတစ်ပြိုင်ထဲရောင်းချပေးမှုမှာ ထုံးစံမရှိသည့် ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုင်ဝမ်ဘက်မှလည်း လက်နက်ဝယ်ယူမှုကိုတိုးမြှင့်ရန် ဆုံးဖြတ်ပြီး ထိုင်ဝမ် တပ်မတော်ကိုအင်အားတောင့်တင်းစေရန်ဦးစားပေးစီစဉ်ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးမှ“လက်နက်အများအပြားဝယ်ယူသည်ဆိုသည့်ကိစ္စမှာ”မီဒီယာတို့၏ မှန်းဆချက်” သာဖြစ်ကြောင်း၊ လက်နက်ဝယ်ယူရန် ဆွေးနွေးမှုများနှင့်ဆုံးဖြတ်ချက်များကိုလျှို့ဝှက် ထားသောကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်မှအကြောင်းကြားချက်မရမချင်း အများပြည်သူ များသိစေရန်ပြောကြားမည်မဟုတ်”ဟု ပြောဆိုခဲ့သည်။

ထိုင်ဝမ်တပ်မတော်၏လေ့ကျင့်ရေးလုပ်ငန်းစဉ်များနှင့် စစ်ဝတ်တန်ဆာများကို အများအားဖြင့် အမေရိကန်ထုတ်ပစ္စည်းများကိုသာသုံးစွဲထားသည်။သို့သော် တရုတ်တပ်မတော်သည် ထိုင်ဝမ်တပ်မတော်ထက် လူအင်အား ပိုများပြီး ၎င်းတို့နိုင်ငံထုတ်အဆင့်မြင့်စစ်ပစ္စည်းများကိုပါပေါင်းစပ်သုံးစွဲလျက်ရှိသည်။

“စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် လော့ခ်ဟိမာတင်၊ဘိုးရင်း နှင့် ဂျင်နရယ်အက်တောမစ် တို့သည်လက်နက်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကို၎င်းတို့နည်းလမ်းများဖြင့်လုပ်ဆောင်လျက်ရှိသည်”ဟု ကွန်ဂရက် မှပြောကြားခဲ့သည်။လာမည့်ရက်သတ္တပတ်များအတွင်းကွန်ဂရက်လွှတ်တော်သို့လက်နက် ရောင်းချရန်ကိစ္စနှင့်ပတ်သက်၍တင်ပြဖွယ်ရှိသည်။

ရေကြောင်းမှတစ်ဆင့်ကျုးကျော်ဝင်ရောက်ခြင်းကိုဟန့်တားနိုင်ရန် စမတ်မိုင်းများ၊ရေငုပ်သင်္ဘောဖျက် မိုင်းများအပါအဝင်အဆင့်မြင့်ဒုံးကျည်များနှင့်ကမ်းခြေကာကွယ်ရေးလက်နက်များ၊ မိုးကုတ်စက်ဝိုင်း တစ်လျှောက် နောက်ယောင်ခံခြင်းနှင့်ပစ်မှတ်ရှာဖွေခြင်းတို့ကိုပြုလုပ်နိုင်သည့် ဒရုန်းများတို့ဖြင့် ထိုင်ဝမ် ကိုအလွယ်တကူမတိုက်ခိုက်နိုင်အောင်ဆောင်ရွက်ထားရန်ဆွေးနွေးခဲ့ကြသည်။

“လော့ခ်ဟိမာတင် မှထုတ်လုပ်သည့် အမြန်ရွေ့လျားဒုံးကျည်စနစ် (High Mobility Artillery Rocket System- HIMARS) ဖြင့်ထုတ်လုပ်ထားသော ထရပ်ကားတင်ဒုံးလောင်ချာ ကိုထိုင်ဝမ်မှဝယ်ယူလိုနေ‌ကြောင်း” ညှိနှိုင်း ရေးလုပ်ငန်းစဉ်များနှင့်နီးစပ်သူတစ်ဦးမှပြောကြားခဲ့သည်။ထိုင်ဝမ်သည်နောက်ဆုံး ပေါ်တင့်ကားဖျက်ဒုံးကျည်များကိုလည်းဝယ်ယူလိုနေသည်။

ဩဂုတ်လဆန်းပိုင်းက အမေရိကန်သည် ထိုင်ဝမ်သို့အမေရိကန်ဒေါ်လာသန်းး ၆၀၀ ခန့်တန်သော နောက်ဆုံးပေါ်ခေတ်မီဒရုန်းအနည်းဆုံးလေးစင်းခန့်ကို ရောင်းချရန်ညှိနှိုင်းခဲ့ကြသည်။  

အဆိုပါဆွေးနွေးမှုတွင် ဖျက်သင်္ဘောမှပစ်လွှတ်သည့်ဒုံးကျည်များကို တန်ပြန်ရန်ကမ်းခြေစောင့် ကာကွယ်ရေးတပ်များအတွက် ဘိုးရင်း ကုမ္ပဏီထုတ်မြေပြင်အထိုင်ချ ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များရောင်းချ ပေးရန် လည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly