အမေရိကန်ရေတပ်ကိုတိုးချဲ့ရန်စီစဉ်နေသည်ဟု ပင်တဂွန်မှပြောကြား

အမေရိကန်ရေတပ်ကိုတိုးချဲ့ရန်စီစဉ်နေသည်ဟု ပင်တဂွန်မှပြောကြား

စက်တင်ဘာ ၁၇

တရုတ်နှင့်ရေကြောင်းတိုက်ပွဲဆင်နွှဲရန်အတွက် အမေရိကန်ရေတပ်ကိုလူလိုက်ပါရန်မလိုသောသင်္ဘော များ၊ ရေငုပ်သင်္ဘောများနှင့်လေယာဉ်များထပ်မံဖြည့်တင်းတိုးချဲ့သွားရန်စီစဉ်ထားသည်ဟုအမေရိကန် ကာကွယ်ရေး ဝန်ကြီး မာ့ခ်အက်စ်ပါ က စက်တင်ဘာလ ၁၆ ရက်(ဗုဒ္ဓဟူးနေ့)တွင်ကြေညာခဲ့သည်။

“အမေရိကန်ရေတပ်တိုးချဲ့မှုကို”ရှေ့သို့လှမ်းချီအနာဂတ်ဆီ” ဟုအမည်ပေးထားပြီးရေတပ်သင်္ဘောအုပ်စု အင်အားကိုလက်ရှိအချိန်တွင် ၂၉၃ စီးရှိနေရာမှ ၃၅၅ စီးအထိတိုးမြှင့်သွားမည်”ဟုပင်တဂွန်အကြီးအကဲ ကပြောကြား လိုက်သည်။

အဆိုပါအစီအစဉ်အရလက်ရှိအချိန်မှ ၂၀၄၅ ခုနှစ်ထိအမေရိကန်ရေတပ်ဘတ်ဂျက်တွင်ဒေါ်လာဘီလီယံ ပေါင်းများစွာထပ်တိုးရန်လိုအပ်‌နေပြီးတရုတ်ရေတပ်ထက်ပို၍သာအောင်တိုးချဲ့ရန်ရည်ရွယ်ထားသည်။

“အနာဂတ်ရေတပ်အုပ်စုများသည်ဝေဟင်တွင်လည်းကောင်း၊ပင်လယ်ပြင်တွင်လည်းကောင်း၊ပင်လယ်ရေအောက်တွင်လည်းကောင်း စွမ်းဆောင် ရည်ပိုမိုမြင့်မားလာလိမ့်မည်ဖြစ်ကြောင်း၊ တိုက်ပွဲတွင်အရှိန်မြှင့်တင် နိုင်စွမ်း ပိုရှိလာအောင်စီစဉ်ထား ကြောင်း၊အလွန်အလှမ်းဝေးသောနေရာများအထိသွားရောက်နိုင်အောင်အသေးစိတ်တည်ဆောက်မည် ဖြစ်ကြောင်း” အက်စ်ပါ ကပြောကြားခဲ့သည်။

“နောက်တစ်ဆင့်အနေဖြင့်မိမိတို့၏အနာဂတ်ရေတပ်သင်္ဘောအုပ်စုများတွင်အထက်ပါအချက်များပါဝင် နိုင်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စစ်ကစားခြင်းအမျိုးမျိုးအတွက်လူလိုက်ပါရန်မလိုသည့်စနစ် လည်းပါဝင်လာ မည်ဖြစ်ကြောင်း၊ ပြင်းပြင်းထန် ထန်တိုက်ခိုက်ခြင်း၊ မိုင်းများဖြန့်ချခြင်းစသည့်လုပ်ငန်း များမှသည်ရန်သူများကိုနောက် ယောင်ခံရန်(သို့မဟုတ်)မိမိတပ်ကို ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အထိထည့်သွင်းတည် ဆောက်သွားမည်”ဟု အက်စ်ပါ ကပြော ကြားခဲ့သည်။

“ရေတပ်အုပ်စုတွင်စစ်သင်္ဘော ၃၅၅စီးထိတိုးချဲ့ရခြင်းမှာပင်တဂွန်ဘတ်ဂျက်၏ရာခိုင်နှုန်းအများအပြား ကိုသုံးစွဲရန်ဖြစ်ပြီးနိုင်ငံတစ်ဝန်းလုံးတွင်ခေတ်မီသင်္ဘောကျင်းများပိုမိုတည်ဆောက်ရန်အတွက်လည်း ဖြစ်သည်”ဟု အက်စ်ပါ က‌ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly