ကမ္ဘောဒီးယားရှိ တရုတ်အပန်းဖြေစခန်းကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

ကမ္ဘောဒီးယားရှိ တရုတ်အပန်းဖြေစခန်းကုမ္ပဏီကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

စက်တင်ဘာ ၁၆

ကမ္ဘောဒီးယား ကမ်းရိုးတန်းက အငြင်းပွားဖွယ် Dara Sakor ခရီးသွားလုပ်ငန်း၏ နောက်ကွယ်က ပါဝင်နေသော တရုတ် Union Development Group ကုမ္ပဏီကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။

ခိုကောင်းပြည်နယ်တွင် အပန်းဖြေစခန်း ဖွင့်လှစ်ရေးအတွက် ကုမ္ပဏီ၏ ဟတ်တာ ၄၅၀၀၀ မြေနေရာရှိ မိသားစုများကို အဆိုပါ UDG ကုမ္ပဏီမှ ခြိမ်းခြောက်ခြင်းနှင့် နှင်ထုတ်ခြင်းများကြောင့် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။

သို့သော် ကမ္ဘောဒီးယားအစိုးရက UDG ကုမ္ပဏီအား၂၀၀၈ ခုနှစ်အတွင်း အမျိုးသားဥယျာဉ်တစ်ခု၌ နှစ် ၉၉ နှစ် မြေအငှားချထားချိန်မှစကာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ယင်း စီမံကိန်းနှင့် ပတ်သက်၍ မြေယာအငြင်းပွား မှုများစွာ ပေါ်ပေါက်သည်။

ယင်း ကုမ္ပဏီသည် ဥပဒေ မျက်ကွယ်ပြုပြီး အခြားသော နိုင်ငံများမှ သဘာဝသယံဇာတများကို ခေါင်းပုံဖြတ်ကာ အကျင့်ပျက်ခြစားသည်ဟု ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်က ထုတ်ပြန်ချက်တွင် ပြောသည်။

UDG ကုမ္ပဏီသည် တရုတ်ကို ကိုယ်စားပြုထားသော နိုင်ငံပိုင်ကုမ္ပဏီတစ်ရပ်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

UDG ၏ မိခင်ကုမ္ပဏီမှာ Li Zhiqiang မိသားစုပိုင် တရုတ်ပုဂ္ဂလိကအိမ်ခြံမြေကုမ္ပဏီ Tianjin Wanlong Group ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကမ္ဘောဒီးယားတွင် UDG ၏ ဥက္ကဋ္ဌနှင့် ပိုင်ရှင်အဖြစ်  မှတ်ပုံတင်ထားသည်မှာ ယင်း မိသားစု၏ ဆွေမျိုးတော်စပ်သူ Li Tao ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly