စက်တင်တာ ၁၆
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စီမံကိန်းတွင် ဂျပန်နိုင်ငံက ပါဝင်ဆောင်ရွက်ကာ ရန်ပုံငွေ ယန်း ၁၇ ဒသမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၆၅ သန်း) ထည့်ဝင်သည်။
COVAX ဟု ဆိုသော အဆိုပါ စီမံကိန်းသည် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေးများ ဝယ်ယူကာ ညီတူမျှတူ ဖြန့်ဝေသွားရန် ရည်ရွယ်သည်။
သို့သော် အမေရိကန်အပါအဝင် အချို့သော နိုင်ငံများက အပြန်အလှန်သဘောတူညီချက်များမှတစ်ဆင့် ကာကွယ်ဆေးရရှိရေးကို ရည်သန်ကာ ယင်း စီမံကိန်းတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြသည်။
ယခု ရန်ပုံငွေသည် အစိုးရ၏ ဗိုင်းရပ်စ်ကို တုံ့ပြန်ရေး၌ မြှင့်တင်ရန် ရည်ရွယ်သော ယန်းငွေ ၁ ဒသမ ၆၄ ထရီလီယံမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစိုးရမှတ်တမ်းက ဖော်ပြညသ်။
ဂျပန်နိုင်ငံသည် ကာကွယ်ဆေးရရှိရေးအတွက် ကမ္ဘာ့ဆေးကုမ္ပဏီများနှင့် လွတ်လပ်သော သဘောတူညီချက်များ ရယူထားပြီး ၂၀၂၁ ပထမနှစ်ဝက်တွင် ပြည်သူအားလုံးအတွက် လုံလောက်သော ဆေးဝါးထောက်ပံ့မှုပေးမည်ဟု ကတိပြုထားသည်။
COVAX စီမံကိန်းအတွက် ထည့်ဝင်ငွေကို စက်တင်ဘာ ၁၈ ရက် နောက်ဆုံးသတ်မှတ်ထားသည်။