အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းဖြင့်တိုက်ခိုက်

By AFP
16 September 2020
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းဖြင့်တိုက်ခိုက်

စက်တင်ဘာ ၁၆

ဗုဒ္ဓဟူးနေ့အစောပိုင်းကအစ္စရေးတို့ဟာ ဂါဇာကမ်းမြောင်ဒေသကိုဗုံးကဲတိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့တွေကပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့ညနေပိုင်းကဟားမတ်စ်တွေထိန်းချုပ် ထားတဲ့နယ်မြေ ကနေအစ္စရေးဘက်ကိုဒုံးကျည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အစ္စရေးတို့ဘက်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရကဦးဆောင်ပြုလုပ်တဲ့ အစ္စရေး၊ အာရပ်စော်ဘွားများပြည် ထောင်စုနဲ့ဘာရိန်းတို့ သံတမန် ဆက်သွယ် ရေးပြုလုပ်ဖို့ သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် တစ်မနက်မှာအခုလိုပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့အစ္စရေးကမ်းခြေမြို့ဖြစ်တဲ့ အက်ရှ် ဒို့ ကိုပါလက်စတိုင်းစစ်သွေးကြွ တွေကဒုံးကျည်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အင်္ဂါနေ့ကပစ်ခတ်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အစ္စရေးတို့ဟာ ဟားမတ်စ်စစ်သွေးကြွတွေရဲ့လေ့ကျင့်ရေး စခန်းအပါအဝင်ပစ်မှတ်နှစ်ခုကိုဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။  

အစ္စရေးတပ်မတော်ဟာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အကြောင်းကိုချက်ချင်းအတည်ပြုပြောကြားခဲ့ခြင်းမရှိပါဘူး။ ဂါဇာနယ်စပ်ဒေသမှာဒုံးကျည် အချက်ပေးဥဩသံထွက်ပေါ်ခဲ့တယ်လို့ပဲပြောခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာကိုနှစ်ဘက်လုံးကထုတ်ဖော်မပြောကြားသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly