ရှင်ဇိုအာဘေး နေရာ အစားဝင်မည့် ဂျပန်အာဏာရပါတီ ခေါင်းဆောင်သစ် ရွေးပွဲ ဆူဂါ အနိုင်ရ

ရှင်ဇိုအာဘေး နေရာ အစားဝင်မည့် ဂျပန်အာဏာရပါတီ ခေါင်းဆောင်သစ် ရွေးပွဲ ဆူဂါ အနိုင်ရ

စက်တင်ဘာ ၁၄

ရာထူးစွန့်သွားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကာလကြာ မဟာမိတ်တစ်ဦးဖြစ်သည့် ယိုရှီဟီဒဲ ဆူဂါသည် ယနေ့ စက်တင်ဘာ ၁၄ ရက်၌ ပြုလုပ်သည့် ဂျပန်အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် (LDP) ပါတီ ခေါင်းဆောင် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီဖြစ်သည်။

ယင်းအတွက်ကြောင့် မစ္စတာ ဆူဂါသည် ယခုအပတ်ထဲ ပြုလုပ်မည့် ပါလီမန် မဲပေးရွေးချယ်မှုတစ်ခုတွင် ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည် ဖြစ်သည်။

အသက် ၇၁ နှစ်ရှိ ဆူဂါသည် မစ္စတာ အာဘေး၏ ရှစ်နှစ်နီးပါးကြာ သက်တမ်းကာလအတွင်း သြဇာကြီးသော အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ရာထူးကို ရယူထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းအနေဖြင့် ငွေကြေးဆိုင်ရာ မူဝါဒ၊ အစိုးရ အသုံးစရိတ်နှင့် ပြုပြင်ပြောင်းလဲမှုတို့အတွက် မစ္စတာ အာဘေး၏ “Abenomics” နည်းနာအတိုင်း ဆက်လုပ်သွားမည်ဖြစ်သလို အမေရိကန်-ဂျပန် လုံခြုံရေးဆိုင်ရာ မဟာမိတ်ပြု မှုကို ဗဟိုပြုသည့် သံတမန်ရေး လမ်းစဉ်အတိုင်း ဆက်လုပ်သွားမည်ဟု ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly