ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ရှေးဟောင်းပစ္စည်းတွေ၊ လက်ရာမြောက် အနုပညာလက်ရာတွေ အများအပြားကို စုစည်းပြသထားတဲ့ Louvre ပြတိုက်ကြီးရှိပါတယ်။ ကမ္ဘာကျော် မိုနာလီဇာပန်းချီကားအပါအဝင်၊ တန်ဖိုး မဖြတ်နိုင်တဲ့ တခြားလက်ရာမျိုးစုံရှိတဲ့ ကမ္ဘာကျော် Louvre ပြတိုက်ကြီးဆီ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။