ဂျာမနီ တိုက်ခေါင်မိုးပေါ်က ခပ်ခွာခွာနေ သံစုံတီးဝိုင်းဖျော်ဖြေမှု

By AFP
13 September 2020
ဂျာမနီ တိုက်ခေါင်မိုးပေါ်က ခပ်ခွာခွာနေ သံစုံတီးဝိုင်းဖျော်ဖြေမှု

စက်တင်ဘာ ၁၃

ဂျာမနီနိုင်ငံက Dresden သံစုံတီးဝိုင်းက ဂီတသမားတွေဟာ အထပ်မြင့်အဆောက်အအုံတွေက ခေါင်းမိုးတွေပေါ်မှာ တီးမှုတ်ဖျော်ဖြေနေကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူခွာနေခြင်း စည်းကမ်းချက်ကြောင့် အခုလို ဖျော်ဖြေကြတာကို လူတွေက ပြတင်းပေါက်ကနေ ဒါမှမဟုတ် လမ်းပေါ်ကနေ ကြည့်ရှုခံစားကြပါတယ်။  

ထရမ့်ပတ်တွေ၊ ဆိုက်ဆိုဖုန်းတွေနဲ့ တေးသံစုံဖျော်ဖြေမှုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲလမ်းသဘင်တော်တော်များများ ဖျက်သိမ်းရတာကနေ ခုလို အထပ်မြင့်အဆောက်အအုံတွေပေါ်မှာ လိုက်လံဖျော်ဖြေတာ ဖြစ်လာခဲ့တာပါ။

“နှဲခရာကြီး alphorn တွေဟာ တကယ့် တူရိယာကောင်းတွေပါ။ ရှည်လျားတဲ့ ဒီ တူရိယာက အသံသာသလို လူခွာနေတာအတွက်လည်း အကျုံးဝင်နေတယ်လေ။ ကျွန်တော်ကတော့ ခရာမှုတ်သူတစ်ဦးဖြစ်ပြီး နှဲခရာ alphorn တွေ တီးမှုတ်နိုင်ဖို့အတွက် ကြိုးစားနေသူပါ။”လို့ Dresdner တေးသံစုံအဖွဲ့က မာကုရန့်က ပြောပါတယ်။

Dresdner တီးဝိုင်းက ထရမ့်ပက်သမားတစ်ဦးဖြစ်တဲ့ ကလီမန်းက “ကျွန်တော်ကတော့ နားကြပ်တပ်ထားရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ နားကြပ်ကနေ သံစုံတီဝိုင်းရဲ့ နရီသံကို နားထောင်ရတာ ဖြစ်လို့ပဲ။ ကျွန်တော်တို့အနေနဲ့ ဩဂတ်စထရာတီးဝိုင်းကြီးတစ်ခုလုံးတော့ ဘယ်လိုလုပ် တီးမှုတ်ဖျော်ဖြေနိုင်ပါ့မလဲ။ ဒါကြောင့် ဒီ နားကြပ်က နရီသံကိုလိုက်ပြီး သံစုံတီးဝိုင်းမှာ ဖျော်ဖြေသလို ကျွန်တော် တီးမှုတ်နေတာ ဖြစ်တယ်။”ဆိုပြီး ပြောပါတယ်။

“ခုလို ခေါင်မိုးတွေပေါ်က တေးသံစုံ ဖျော်ဖြေမှုကို ကြားရတော့ ကျွန်တော် တော်တော်လေး ပျော်မြူးသွားတယ်။ တကယ် ကောင်းတာပဲဗျာ။ တကယ် ဂီတပွဲတစ်ပွဲလိုပါပဲ။ သူတို့ရဲ့ တီးခတ်ဖျော်ဖြေသံတွေနဲ့အတူ ကျွန်တော် လွင့်မျောသွားတယ်။”လို့ Dresden ဒေသခံတစ်ဦးဖြစ်တဲ့ ဟိုင်ဘားက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly