ပါကစ္စတန်၌ ဆန္ဒပြမှုများ ဖြစ်ပွား၍ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူများကို ရဲက မြေလှန်ရှာဖွေ

ပါကစ္စတန်၌ ဆန္ဒပြမှုများ ဖြစ်ပွား၍ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူများကို ရဲက မြေလှန်ရှာဖွေ

စက်တင်ဘာ ၁၃

ပါကစ္စတန်နိုင်ငံတွင် ခရီးသွားလာသည့် သားအမိနှစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည့်အမှုတွင် ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ မြို့အချို့တွင် ဖြစ်ပွားပေါ်ပေါက်သည်မှာ စနေနေ့တွင် ဒုတိယမြောက်နေ့တိုင်ပြီ ဖြစ်သည်။

ထိုကဲ့သို့သော ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်၍ ရဲတပ်ဖွဲ့အနေဖြင့် တရားခံများကို မြေလှန်လိုက်လံရှာဖွေလျက် ရှိနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညပိုင်း ရဲတပ်ဖွဲ့အဆိုအရ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးသည် သူ၏ ကလေးနှစ်ဦးနှင့်အတူ ကားမောင်းသွားစဉ် လာဟိုးမြို့ပြင်၌ ဆီကုန်သွားသည်ဟု သိရသည်။

ရဲဌာနသို့ သူက ဖုန်းဆက်လှမ်းအကူအညီ တောင်းသော်လည်း လူတစ်စု ရောက်လာပြီး အဝေးပြေးလမ်းဘေးတွင် သူ့အား သေနတ်တေ့ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

သံသယရှိသူနှစ်ဦးကို DNA စစ်ဆေးခြင်းမှ ခြေရာကောက်လိုက်လံနေကြောင်း အခင်းဖြစ်ရာတွင် ရောက်ရှိနေသည့် ပန်ဂျက်ပြည်နယ် ရဲထောက်လှမ်းရေးမှူးချုပ် အန်နမ်ဂါနီက ပြောသည်။

“ကျွန်တော်ကတော့ ထင်ထားပြီးသားပါ။ ဒီတရားခံတွေကို မနှေးမမြန်ပဲ ဖမ်းမိမှာပါ။”ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ဆန္ဒပြသူများအတွက် စိတ်ကျေနပ်မှု မရစေခြင်းကြောင်း ထိုအမှုတွင် စုံစမ်းစစ်ဆေးမှု၌ ဦးဆောင်သူအား ရာထူးက ထုတ်ပယ်ရန် တောင်းဆိုကြသည်။

ဦးဆောင်စစ်ဆေးသူ အိုမာရှိတ်က ပြုကျင့်ခံရသူက မှားယွင်းထွက်ဆိုခြင်းဟု ခံစားရကြောင်း၊ ညပိုင်းတွင် ခရီးသွားလာခြင်း မရှိသကဲ့သို့ ကားတွင်လည်း ဆီ လုံလောက်စွာ ရှိနေကြောင်း ပြောထားခဲ့ခြင်းဖြစ်သည်။

ပြုကျင့်ခံရသည်ဟု ဆိုသော အမျိုးသမီးမှာ ပါကစ္စတန်နိုင်ငံကို ပြင်သစ်နိုင်ငံကဲ့သို့ အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံနေသည်ဟု ထင်မှတ်နေကြောင်းလည်း ၎င်းက ပြောရာ ပြင်သစ်သံရုံးသို့ ထင်မြင်ချက်တောင်းရာ၌ ချက်ချင်း ပြန်ကြားခြင်း မရှိသေးပေ။

ယခုအမှုအတွက် လာဟိုးနှင့် ကရာချိအပြင် ရှေးရိုးစွဲ ပတ်ရှဝါမြို့တွင်ပါ အမျိုးသမီးအများစုဖြစ်သည့် အင်အားရာပေါင်းများစွာသော ဆန္ဒပြမှုများ ပေါ်ပေါက်ပြီး ‘နှုတ်ဆိတ်မနေကြစို့၊ အကြမ်းဖက်မှုများ ရပ်တန့်’ စသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြသကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly