ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ထားသည့် မဲဆွယ်စရိတ် ကိုဗစ်ကာကွယ်ရေးအတွက် အသုံးပြုရမည်

ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ထားသည့် မဲဆွယ်စရိတ် ကိုဗစ်ကာကွယ်ရေးအတွက် အသုံးပြုရမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးရေးစရိတ် တစ်ဦးကို ကျပ် ၁၀ သိန်း ထောက်ပံ့ပေးထားပါတယ်။ကိုဗစ်ကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ရန်ကုန်နဲ့ရခိုင်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးစရိတ်ရရှိထားတဲ့ ကျပ် ၁၀သိန်းကို ကိုဗစ် ကာကွယ်ရေးအတွက် ပြန်လည်အသုံးပြုဖို့နဲ့ကိုဗစ်ကူးစက်မှုနည်းသေးတဲ့ ပြည်နယ်နဲ့တိုင်းက ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း စိတ်အားထက်သန်သလောက် လှူဒါန်းကြဖို့ စက်တင်ဘာ ၇ရက်နေ့ကတည်းက ညွှန်ကြားထားတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

တည်းဖြတ် /တင်ဆက် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly