အပြာဗီဒီယိုကို သံအမတ်ကြီး like ပေးထားတာ အကောင့်ဟက်ခံထားရ၍ ဆိုပြီး တွစ်တာကို စုံစမ်းပေးရန် တရုတ်သံရုံး ဒေါသတကြီး တောင်းဆို 

အပြာဗီဒီယိုကို သံအမတ်ကြီး like ပေးထားတာ အကောင့်ဟက်ခံထားရ၍ ဆိုပြီး တွစ်တာကို စုံစမ်းပေးရန် တရုတ်သံရုံး ဒေါသတကြီး တောင်းဆို 

စက်တင်ဘာ ၁၁

ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီး၏ တရားဝင် တွစ်တာအကောင့်က အပြာညစ်ညမ်းဗီဒီယိုတစ်ခုကို like ပေးထားခဲ့ရာ ယင်းမှာ အကောင့်ဟက်ခံထားရ၍ဆိုပြီး တွစ်တာကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးပေးရန် တရုတ်သံရုံးက ဒေါသတကြီး တောင်းဆိုထားသည်။ 

အဆိုပါ ဗီဒီယိုသည် ဗုဒ္ဓဟူးနေ့က သံအမတ်ကြီး လျူရှောက်မင် အကောင့်၏ like ပေးထားသည့်နေရာတွင် တစ်နာရီကျော် ရှိနေခဲ့ပြီး ပြန်လည်ဖြုတ်ချခြင်း မရှိမီ ထင်မြင်ချက်ပေးခြင်းများ၊ ဝေဖန်တုံပြန်မှု ပေးခြင်းများ ကျယ်ပြန့်သွားခဲ့သည်။ 

“တရုတ်ဆန့်ကျင်ရေးသမားအချို့က သံအမတ်ကြီး လျူရှောက်မင်၏ တွစ်တာအကောင့်ကို ကောက်ကျစ်စွာ တိုက်ခိုက်ကြောင်း၊ အများပြည်သူ အမြင်မှားအောင် ယုတ်မာသည့် နည်းလမ်းများ အသုံးပြုတိုက်ခိုက်ကြောင်း။” တရုတ်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ 

“ယခု ကိစ္စရပ်အား တွစ်တာကုမ္ပဏီသို့ သံရုံးက အကြောင်းကြားထားပြီး ယင်းအရေးကို စုံစမ်းစစ်ဆေးကာ အလေးအနက်အထား ကိုင်တယ်ရန် တိုက်တွန်းထားသည်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“သံရုံးအနေဖြင့် နောက်ထပ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အခွင့်အရေး ရှိထားပြီး အများပြည်သူများက ယင်း ကိစ္စကို ယုံကြည်ကြမည် မဟုတ်ဘဲ ထိုသို့သော ကောလဟလမျိုးကို ဖြန့်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း။”လည်း ဆိုထားသည်။ 

လျူရှောက်မင်သည် ဟောဟောင်ဒိုင်းဒိုင်း ပြောတတ်ကြသော သံတမန်များမှ တစ်ဦးအဖြစ် သိကြရပြီး ၎င်း၏ တရုတ်အစိုးရကို ကာကွယ်ရန် မီဒီယာအင်တာဗျူးများနှင့် အွန်လိုင်းတို့ကို အမျက်မာန်ပါစွာ ချည်းကပ်အသုံးချသူ ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် တရားဝင် တားမြစ်ပိတ်ပင်ထားသည့် တွစ်တာနှင့် ညစ်ညမ်းစာပေ၊ ဗီဒီယိုများကို အာဏာရကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန် ဆင်ဆာချမှတ်ထားသည်။ 

သို့ရာတါင် တရုတ်အစိုးရအား ကာကွယ်ရန်နှင့် ပုံရိပ်မြှင့်တင်ရန်တို့အတွက် တရုတ် သံတမန်များနှင့် နိုင်ငံပိုင်မီဒီယာတို့မှ သတင်းထောက်များက မကြာသေးသော နှစ်များအတွင်း တွစ်တာသုံးလာကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly