မက္ကဆီကို၌ ကပ်ရောဂါကာလအတွင်း ကျောင်းသားများ သင်ခန်းစာလေ့လာနိုင်စေဖို့ လှူဒါန်းထားတဲ့တီဗီတွေ ပို့ဆောင်ပေး

မက္ကဆီကို၌ ကပ်ရောဂါကာလအတွင်း ကျောင်းသားများ သင်ခန်းစာလေ့လာနိုင်စေဖို့ လှူဒါန်းထားတဲ့တီဗီတွေ ပို့ဆောင်ပေး

စက်တင်ဘာ ၉ 

မက္ကဆီကိုနိုင်ငံ ဗီရာခရုစ်မြို့က ဆရာမတစ်ယောက်ဟာ အများက လှူဒါန်းတဲ့တီဗီတွေကို လိုက်လံစုဆောင်းပြီး လိုအပ်တဲ့ကျောင်းသားတွေဆီ ပို့ဆောင်ပေးလျက်ရှိပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အချိန်မှာ တီဗီနဲ့ ‌ရေဒီယိုတွေကနေ ထုတ်လွှင့်တဲ့ ကျောင်းသင်ခန်းစာတွေကို ကျောင်းသားတွေ လေ့လာနိုင်ဖို့ ခုလို ကူညီပေးနေတာပါ။ 

ကျောင်းသားတွေအတွက် ကူညီပေးနေတဲ့ ဆရာမ အယ်လီယာနာမွန်တီရယ်က “မိဘတွေကလည်း အလုပ်လက်မဲ့ဖြစ်နေကြတယ်။ တီဗီတစ်လုံးပိုင်ဆိုင်ဖို့တောင် ပိုက်ဆံမရှိကြပါဘူး။ တချို့သူတွေရဲ့တီဗီတွေကလည်း ပျက်နေပြီး ပြင်ခမရှိဖြစ်နေကြတာပါ။ ကျောင်းသားကျောင်းသူတွေကို သူ့အတိုင်းအတာနဲ့သူ အားလုံးကို တိုးတက်စေချင်တယ်။ သူတို့တွေကို နောက်ကောက်မကျစေချင်ဘူး။ စီးပွားရေးကျပ်တည်းနေချိန်မှာ ကျွန်မတို့နည်းလမ်းရှာပြီး သူတို့ကို လုပ်ပေးနိုင်ပါတယ်” လို့ဆိုပါတယ်။ 

ကျောင်းသားမိခင်တစ်ဦးဖြစ်တဲ့ ဘီရန်ကာ က “ ဇွန်လမှာ မိုးစရွာတော့ ကျွန်မတို့နေတဲ့ အနိမ့်ပိုင်းမှာ ရေတွေလွှမ်းခဲ့ပါတယ်။ သားလေး ဂျေးဆပ် ရဲ့ ပစ္စည်းတွေ၊ တီဗီနဲ့ ကျွန်မပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်” လို့ပြောပါတယ်။ 

အသက်ရှစ်နှစ်ရှိပြီဖြစ်တဲ့ ဂျေးဆပ်ကလည်း ဆရာမယူလာတဲ့ တီဗီကြောင့် အိမ်စာတွေ လုပ်နေနိုင်ပြီလို့ ဆိုပါတယ်။ သင်ခန်းစာတွေ မလွတ်တော့တဲ့အတွက် ဆရာမကိုလည်း ကျေးဇူးတင်ကြောင်းပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly