နေပြည်တော်ရှိ သတင်းထောက် ၃၆ ဦးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူစစ်ဆေး

နေပြည်တော်ရှိ သတင်းထောက် ၃၆ ဦးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူစစ်ဆေး

စက်တင်ဘာ ၁၀

သမ္မတအိမ်တော်ဝန်ထမ်းတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုတွေ့ရှိခဲ့ပြီးသည့်နောက် အဆိုပါ ပုဂ္ဂိုလ်နှင့် အနီးကပ်တွေ့မြင်ထိစပ်မှုရှိခဲ့သည့် သတင်းထောက် ၃၆ ယောက်အား  စက်တင်ဘာ ၉ရက်မှ စတင်ကာ နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်ဝင်း၌ နှစ်နာရီနီးပါးကြာ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဖော်ပြပါ ဝန်ထမ်းမှ စီစဉ်သူတစ်ဦးအနေဖြင့် တက်ရောက်ခဲ့ပြီး မဇ္ဈိမသတင်းထောက်နှစ်ဦး အပါအဝင် နေပြည်တော်အခြေစိုက် သတင်းသမားအများစု တက်ရောက်ခဲ့ကြသည်။

သမ္မတအိမ်တော်ရှိ ဝန်ထမ်းများအား ကူးစက်မှု ခံရခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်းကို စက်တင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး လက်ထောက်ညွန်ကြားရေးမှုးအဆင့်ရှိ ဖော်ပြပါအရာရှိထံတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထိုသို့တွေ့ရှိခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအပါအဝင် အိမ်တော်ဝန်ထမ်းများ၊ လုံခြုံရေးများကို  ကွာရန်တင်းချထားကာ ဆေးစစ်မှုပြုလုပ်ခဲ့ရာ ပိုးမတွေ့ခဲ့ရကြောင်း စက်တင်ဘာ ၉ရက်နေ့ညတွင် ဦးဇော်ဌေးက သတင်းထောက်များကို ပြောသည်။

အဆိုပါကိစ္စရပ်ကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မိသားစုဝင်များ ကွာရန်တင်းဝင်ရမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly