အိန္ဒိယ ပိုးကူးစက်မှု အခြေအနေ

09 September 2020
အိန္ဒိယ ပိုးကူးစက်မှု အခြေအနေ

 အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဒဏ်ကို အလူးအလဲရင်ဆိုင်နေရပြီး ပိုးကူးခံရသူ ၄.၂ သန်းကျော်ရှိလာချိန်မှာ ၆ လဆက်တိုက် လူနာတွေကို မနိုင်မနင်းကုသပေးနေရတဲ့ နယူးဒေလီမြို့ကဆရာဝန်တွေလည်း စိတ်ရောကိုယ်ပါ အထူးပင်းပန်းနေကြရတာပါ။ အခုဆိုရင် အိန္ဒိယက ပိုးကူးစက်သူအရေအတွက်မှာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာ့ပိုးကူးစက်မှု အများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံကိုကျော်ပြီး ကမ္ဘာ့ ပိုးကူးစက်မှု ဒုတိယအများဆုံး နေရာကို ရောက်သွားပါပြီ ။ တဘက်က နိုင်ငံရဲ့ စီးပွားရေးကြောင့် လုပ်ငန်းလည်ပတ်မှုတွေလည်း ပြန်ဖွင့်ထားရတာကြောင့် ပိုးကူးစက်မှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ရိုက်တာသတင်းကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly