ရော့ချက်စတာမှာ လူမည်းဒန်နီရယ်ပရုဒ်သေဆုံးမှုအပေါ် ရဲနဲ့ဆန္ဒပြသူများ ပဋိပက္ခဖြစ်

By AFP
07 September 2020
ရော့ချက်စတာမှာ လူမည်းဒန်နီရယ်ပရုဒ်သေဆုံးမှုအပေါ် ရဲနဲ့ဆန္ဒပြသူများ ပဋိပက္ခဖြစ်

စက်တင်ဘာ ၇ 

မတ်လတုန်းက ရဲတွေထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားတဲ့ လူမည်းအမျိုးသား ဒန်နီရယ်ပရုဒ် နဲ့ပတ်သက်ပြီး နယူးယောက်ပြည်နယ် ရော့ချက်စတာမှာ သီတင်းပတ်ကုန်က ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

နယူးယောက်ရှေ့နေချုပ် လက်တစ်ရှာ ဂျိမ်းစ်က ပရုဒ်သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းသွားဖို့ ဂျူရီအဖွဲ့ ဖွဲ့သွားမယ်လို့ စက်တင်ဘာ ၆ ရက်မှာပြောလိုက်ပါတယ်။ 

ပရုဒ်သေဆုံးမှုကြောင့် ရော့ချက်စတာမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး တစ်ရက်အကြာမှာ ခုလို ပြောလိုက်တာဖြစ်ပါတယ်။  

ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ လမ်းမမှာ အဝတ်ဗလာနဲ့ထွက်ပြေးနေတဲ့ ပရုဒ်ကို ရဲတွေက ဖမ်းခဲ့ပြီး ခေါင်းကိုအဝတ်စွပ်ကာ လမ်းပေါ် မှောက်ခိုင်းခဲ့ပါတယ်။   ပရုဒ်ဟာ နောက်ပိုင်းမှာ သတိလစ်သွားခဲ့ပါတယ်။  

နောက်တစ်ပတ်အကြာမှာပဲ ပရုဒ်ဟာ  ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ရင်ခွဲစစ်ဆေးချက်အရ အသက်ရှူကျပ်ပြီးသေတာဖြစ်တယ်လို့ ဒေသမီဒီယာတွေက ဖော်ပြကြပါတယ်။ 

သေဆုံးသွားသူ ပရုဒ်ဟာ စိတ်ဝေဒနာရှင်ဖြစ်ပြီး မူးယစ်ဆေးတွေသုံးထားတာကြောင့် မိသားစုဝင်တွေက မတ်လ ၂၃ ရက်က ရဲတွေကို ခေါ်ပြီး အကူအညီတောင်း ဖမ်းဆီးခိုင်းစဉ်မှာ ခုလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။  

ဒန်နီရယ် ပရုဒ်ဟာ အမေရိကန်မှာ ရဲတွေလက်ချက်ကြောင့် နောက်ဆုံး သေဆုံးရတဲ့ အာဖရိကန်-အမေရိကန်တစ်ဦးဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly