ရွေးကောက်ပွဲနောက်ပိုင်းလည်း မြန်မာနှင့် ဆက်ဆံရေးဆက်ကောင်းသွားမည်ဟု တရုတ်ယုံကြည်

ရွေးကောက်ပွဲနောက်ပိုင်းလည်း မြန်မာနှင့် ဆက်ဆံရေးဆက်ကောင်းသွားမည်ဟု တရုတ်ယုံကြည်

မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် မိတ်ရင်းဆွေရင်းနိုင်ငံအဖြစ် ဆက်လက်ရှိသွားမည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက နိုဝင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မဲရလဒ်ဦးဆောင်နေချိန်တွင် ဝန်ယီ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား ချောချောမောမောကျင်းပပြီးစီးခြင်းကို ကျေနပ်အားရမှုပြသခြင်းအဖြစ် ယူနန်ပြည်နယ် ကျင်းဟောင်မြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဝန်ယီက တွေ့ဆုံခဲ့စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းကောင်းနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းအခြေအနေနှင့် လိုက်လျောညီထွေစွာ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်ရှိရေးတို့အတွက် အမျိုးမျိုးသော ပါတီအဖွဲ့အစည်းများ ပူးပေါင်းအတူတကွ ဖော်ဆောင်ကြကာ တည်ငြိမ်သော၊ သဟဇာတဖြစ်သော၊ ဖွံ့ဖြိုးတိုးတက်သော၊ စည်းလုံးသော နိုင်ငံတစ်နိုင်ဖြစ်လာရေး ရိုးသားစွာ မြင်တွေ့လိုကြောင်း ဝန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်များအတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်-မြန်မာ အပြန်အလှန်ဆက်ဆံမှုသည် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်တို့၏ အခြေခံအကျိုးစီးပွားပေါ်မူတည်ကာ အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးဖြစ်ပြီး မြန်မာနိုင်ငံအား ရင်းနှီးစွာဆက်ဆံသည့် မူဝါဒပေါ်လစီကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း ဝန်ယီက ပြောကြားခဲ့သည်။

Ref ; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly