ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ၅၀ ရာခိုင်နှုန်း မြင့်တက်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ၅၀ ရာခိုင်နှုန်း မြင့်တက်

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးက ဧပြီလမှ အောက်တိုဘာ အတွင်း ၅၀ ရာခိုင်နှုန်း တက်လာပြီး အမေရိကန်ဒေါ်လာ ၆၀၁ ဒသမ ၇၃ သန်းရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် အလားတူကာလက ကုန်သွယ်ရေးတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၄၀၇ ဒသမ ၅ သန်းသာရှိခဲ့သည်။

မြန်မာဖက်ခြမ်းတွင် နယ်စပ်ကုန်သွယ်ရေးဇုန်များမှာ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး(Htee Khee) နှင့် မောတောင်(Mawtaung) စသဖြင့် ခုနစ်နေရာရှိသည်။

မြဝတီကုန်သွယ်ရေးဂိတ်က အစည်ကားဆုံးဖြစ်ပြီး ယခုတွက်ချက်ကာလအတွင်း ကုန်သွယ်ရေးတန်ဖိုး ဒေါ်လာ ၃၇၈ ဒသမ ၁၉၅ သန်း ရရှိခဲ့သည်။

မြိတ်ဂိတ်စခန်းမှ ဒေါ်လာ ၁၀၂ ဒသန ၅၆၀၊ ကော့သောင်းဂိတ်မှ ဒေါ်လာ ၆၁ ဒသမ ၃၁ သန်း၊ တာချီလိတ်ဂိတ်တွင် ဒေါ်လာ ၄၀ ဒသမ ၆၇ သန်း၊ ထီးခီးဂိတ်စခန်းတွင် ဒေါ်လာ ၉ ဒသမ ၅ သန်း၊ ကျိုင်းတုံဂိတ်တွင် ဒေါ်လာ ၈ ဒသမ ၆၃ သန်းနှင့် မောတောင်တွင် ဒေါ်လာ ၀ ဒသမ ၈၇ သန်းရရှိသည်။

မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန် ၁၅ ခုတွင် အများစုမှာ ထိုင်းနယ်စပ်တစ်လျှောက်တွင် ရှိပြီး တရုတ်နယ်စပ်ရှိ ကုန်သွယ်ဂိတ်စခန်းများ၏ ကုန်သွယ်မှုကလည်း မြင့်မားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly