အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ ၅၅ ဦးလွတ်ငြိမ်းခွင့်ပေး

အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ ၅၅ ဦးလွတ်ငြိမ်းခွင့်ပေး
ဓာတ်ပုံ - ထက်မြတ် / မဇ္ဈိမ

စက်တင်ဘာ ၅

အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် အကျဉ်းသား၊အကျဉ်းသူ  ၅၅  ဦးကို သမ္မတရုံးညွှန်ကြားချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်းအိုးဘိုအကျဉ်းဦးစီးဌာနမှသိရသည်။

လွတ်ငြိမ်းသက်သာခွင့်ရရှိသူများထဲတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ ၁၃ ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ ၂၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် ၁၃ ဦး ပါဝင်သည်။ ဂုဏ်ထူး ၂ ဘာသာနှင့်အထက်ရရှိသူ နှစ် ဦး၊  ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦးစုစုပေါင်း ၃၈ ဦးကိုလည်း လျော့ရက်ခံစားခွင့်ပေးခဲ့ကြောင်းယနေ့နံနက်ပိုင်းတွင်သမ္မတရုံးကထုတ်ပြန်သည်။

ဓာတ်ပုံ - ထက်မြတ် / မဇ္ဈိမ

လွတ်ငြိမ်းခွင့်ရရှိသူများသည်၂၀၁၈-၁၉ခုနှစ်နှင့်၂၀၁၉-၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့တွင်အောင်မြင်ခဲ့သူများဖြစ်ပြီး မန္တလေးအိုးဘို ထောင်က ၂၉ ဦး ၊ အင်းစိန်ထောင်က ၂၅ ဦး  ၊ ရွှေမြရာစိုက်ပျိုးမွေးမြူရေးစခန်း က တစ်ဦးပါဝင်သည်။

 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်အောင်မြင်ခဲ့သူများအနေဖြင့်ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင် ကြားနိုင်ရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပပေဒပုဒ်မခွဲ(၁)အရ သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်ငြိမ်သက်သာခွင့်ပေးခဲ့ခြင်းဖြစ်ပြီးလွတ်လက်မှတ်နှင့် ခရီးစရိတ် စားစရိတ်တို့ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့တဲ့ပညာသင်နှစ်က  တစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးက အကျဉ်းသား၊အကျဉ်းသူများဝင်ရောက်ဖြေဆိုခဲ့ရာတွင် ၆၀ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly