ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြီး ကြောင့်ရေကြီးမှုဖြစ်ပေါ်နေပြီး စီးပွားရေး လုပ်ငန်းများ အခက်ကြုံနေရ

By Asia nikkei
05 September 2020
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြီး ကြောင့်ရေကြီးမှုဖြစ်ပေါ်နေပြီး စီးပွားရေး လုပ်ငန်းများ အခက်ကြုံနေရ

စက်တင်ဘာ ၅

ဂျပန်နိုင်ငံတွင်အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြီးတိုက်ခတ်နိုင်သဖြင့် ကုမ္ပဏီများနှင့်ပို့ဆောင်ရေးလုပ် ငန်းများကိုအဆင့်မြင့်အနေအထားဖြင့်တပ်လှန့်ထားသည်။အချို့လုပ်ငန်းများသည်ယခုရက်သတ္တပတ် ကုန်ပိုင်း မှစတင်၍လုပ်ငန်းများရပ်ဆိုင်းထားသည်။

၁၉၅၉ ခုနှစ်တွင် ဂျပန် နိုင်ငံပစိဖိတ်ကမ်းရိုးတန်းတွင် တိုက်ခတ်ခဲ့သည့်မုန်တိုင်းကြီးထက်ယခုတိုက်ခတ် မည့်အင်အားပြင်းတိုင်ဖွန်း မုန်တိုင်း  ဟိုင်းဆောန် (Haishen) ကပိုမိုအားကောင်းနိုင်သည်။

မုန်တိုင်းသည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျူရှုး ကျွန်းသို့ တနင်္ဂနွေ(သို့မဟုတ်)တနင်္လာနေ့တွင် ဝင်ရောက်ဖွယ်ရှိသဖြင့်‌ မိုးလေဝသဌာနမှအမြင့်ဆုံးအဆင့်တပ်လှန့်ထားသည်။ လူသေဆုံးသည်အထိ ရေကြီးမှုများ ဖြစ်ပေါ်တတ်သဖြင့်ကုမ္ပဏီများအနေဖြင့် ကြိုတင်ကာကွယ်မှုများစတင်ပြုလုပ်နေကြပြီ ဖြစ်သည်။

ဂျပန်နိုင်ငံ၏ထိပ်တန်းအိမ်တိုင်ရာရောက်ပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် ယမတို ပို့ဆောင်ရေးလုပ်ငန်း သည် စနေ၊တနင်္ဂနွေနှင့်တနင်္လာနေ့များတွင် နေရာဒေသအပေါ်မူတည်၍ ကျူရှုး သို့ပို့ဆောင်ရေးလုပ် ငန်းများကိုရပ်ဆိုင်း ထားသည်။  ဆဂဝ အမြန်ချောပို့လုပ်ငန်းသည်လည်း ၎င်းနေ့များတွင် ကျူရှုး ကျွန်းတစ်လျှောက်ပါဆယ်ထုပ်များလိုက်လံယူဆောင်ပေးမည်မဟုတ်ပေ။

မုန်တိုင်းအန္တရာယ်ရှိနေသည့် ကျူရှုးကျွန်း ရှိ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများသည် စက်ရုံများရှိ ထုတ်လုပ်ရေးဌာနများအပြင် အီလက်ထရောနစ်လုပ်ငန်းများ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများနှင့် စားသောက်ကုန် လုပ်ငန်းများအတွက်ဝန်ဆောင်မှုများပေးလျက်ရှိသည်။

ကင်နွန် သည် တနင်္လာနေ့တွင် ကျူရှုးကျွန်း ရှိစက်ရုံများတွင်ထုတ်လုပ်မှုများရပ်ဆိုင်းထားမည်ဖြစ် သည်။ မစ်ဆူဘီ ရှီ အကြီးစားစက်မှုလုပ်ငန်းမှလည်း နဂဆကီ၊  ရှိမိုနိုဆေကီ နှင့် ဟီရိုရှိးမား တို့ရှိ သင်္ဘောကျင်းများ နှင့်အခြားလုပ်ငန်းများမှလုပ်သားများကိုတနင်္လာနေ့တွင်အလုပ်မလာကြရန် ပြောကြားထားသည်။

လက်လီအရောင်းလုပ်ငန်းဖြစ်သည့် အေရွန် မှလည်း ကျူရှုး နှင့် အိုကိနာဝါ တို့ရှိကုန်တိုက်များတွင် ကုန်များမပြတ်လတ်စေရန်လုပ်ဆောင်လျက်ရှိသည်။ seven-eleven ကုန်စုံဆိုင်လုပ်ငန်းမှလည်း မုန်တိုင်းတိုက်ခတ်နေချိန် တွင်ဆိုင်ပေါင်း ၁၀၀၀ ခန့်အား အလှည့်ကျပိတ်ရန်ပြင်ဆင်လျက်ရှိသည်။

ယခုနှစ်တွင်ဂျပန်အာဏာပိုင်များသည် မုန်တိုင်းဘေးမှကယ်ဆယ်ရေးနှင့်နေရာချထားရေးလုပ်ငန်းများ အပြင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန်ကိုပါလုပ်ဆောင်နေရလျက်ရှိသည်။ ဇူလိုင်လကမိုးသည်း ထန်စွာရွာသွန်း ခဲ့ပြီးနောက် မကြာသေးမီကတိုင်ဖွန်းမုန်တိုင်း မိုင်းဆတ်ခ်  တိုက်ခတ်မှုကြောင့် ကျူရှုးကျွန်း ရှိ အချို့နေရာများတွင်မြေပြိုမှုများနှင့်အခြားသောဘေးအန္တရာယ်များကျရောက်ခဲ့ရသည်ဟု ကျွမ်းကျင်သူ များကပြောကြား ခဲ့သည်။

ဂျပန် မိုးလေဝသဌာနသည် တိုင်ဖွန်းမုန်တိုင်းမတိုက်ခတ်မီ ၃ ရက်ထက်ပို၍သတိပေးချက်ထုတ်ပြန်သည် မှာရှားပါးသည်ဟု ကျိုတိုတက္ကသိုလ်မှ ပါမောက္ခ ကဆုရာ  ယမိုရိ မှပြောကြားခဲ့သည်။

ကိုဘေး အခြေစိုက် ဟရိုဂို တက္ကသိုလ် မှပါမောက္ခ ယိုရှီတဲရု မုရိုဆကိ မှ ဟိုင်းဆောန် မုန်တိုင်းကြောင့် မကြုံဖူးသောလေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုတို့ဖြစ်ပေါ်နိုင်ကြောင်း၊ မုန်တိုင်း မတိုက်ခတ်မီ ပြောင်းရွှေ့ထားမှ အသက်အန္တရာယ်ကင်းနိုင်မည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly