ဂျပန်ကမ်းလွန်၌ တိုင်ဖွန်းမုန်တိုင်းကြောင့်နစ်မြုပ်ခဲ့တဲ့ သင်္ဘောမှ ဒုတိယမြောက် ၁ ဦးကိုကယ်ဆယ်နိုင်

By AFP
05 September 2020
ဂျပန်ကမ်းလွန်၌ တိုင်ဖွန်းမုန်တိုင်းကြောင့်နစ်မြုပ်ခဲ့တဲ့ သင်္ဘောမှ ဒုတိယမြောက် ၁ ဦးကိုကယ်ဆယ်နိုင်

စက်တင်ဘာ ၅

ဂျပန်ကမ်းလွန်မှာ တိုင်ဖွန်းမုန်တိုင်းမေဆက်ကြောင့် နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်ကနေ နောက်ထပ် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကို စက်တင်ဘာလာ ၄ ရက်နေ့က ထပ်မံကယ်ဆယ်နိုင်ခဲ့ပါတယ်။  

နွားအကောင်ရေ ၆၀၀၀ နီးပါးသယ်လောင်လာတဲ့ The Gulf Livestock 1 ဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းက အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  

လှိုင်းဒဏ်ကြောင့် သင်္ဘောမှောက်ခဲ့ပြီးတဲ့နောက် သင်္ဘောပေါ်ပါသွားတဲ့ လူ ၄၃ ယောက်ကို ကမ်းခြေစောင့် ကယ်ဆယ်ရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေခဲ့တာဖြစ်ပါတယ်။  

ဂျပန်ကမ်းလွန်မှာ နောက်ထပ်တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်လည်း တိုက်ခတ်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။  

သောကြာနေ့ညနေပိုင်းမှာတော့ ကိုဒါကာရာဂျီးမားကျွန်းကနေ ကီလိုမီတာပေါင်းများစွာဝေးတဲ့ နေရာမှာ အသက်ကယ်ရာဘာလှေနဲ့ အသက် ၃၀ အရွယ် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံတွေ့ရှိခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့ဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကလည်း ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကို ပထမဆုံးအကြိမ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။  

နယူးဇီလန်ကနေ တရုတ်နိုင်ငံကို ဦးတည်ထွက်ခွါလာတဲ့အဆိုပါသင်္ဘောဟာ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၆၀ (၉၉ မိုင်) နှုန်းရှိတဲ့ တိုင်ဖွန်းမေဆက်ဒဏ်ကို ခံခဲ့ရပြီး စက်ရပ်ကာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီထက်ပိုပြင်းထန်ပြီး တစ်နာရီ ၂၉၀ မီတာ ( ၁၈၀ မိုင်) နှုန်းအထိတိုက်ခတ်နိုင်တဲ့ စူပါတိုင်ဖွန်း ဟိုင်ရှန် ဟာ စနေနေ့နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly