စစ်တွေမှာ ကိုဗစ် တကယ်မရှိဘူးဆိုပြီး ဆရာဝန်တွေနဲ့ စစ်တပ် အကြား စကားများငြင်းခုန်နေပြီး ကိုဗစ် မရှိတဲ့ အကြောင်း ဆရာဝန်တွေဘက်က စာတင်ထားတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ကို ပြောပြ ပေးချင်ပါတယ်။
ဒီသတင်းအမှားကိုတော့ လှသိန်းထွန်းဆိုတဲ့အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းကိုပဲ ရိုသိန်းလွင်ဆိုတဲ့ အကောင့်ပိုင်ရှင်က တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါအတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိလာပြီးနောက် အင်တာနက် လူမှုကွန်ယက်ရှိ Facebook Account အချို့မှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တကယ်မဖြစ်ကြောင်း ဒါဟာ အစိုးရနဲ့ စစ်တပ်က ပူးပေါင်းလုပ်ကြံတာ စသဖြင့် သတင်းစကားအမှားအချို့ကို ရေးတင်နေတာတွေလဲရှိပါတယ်။
တင်ဆက်- ဆုမြတ်မေဇော်