လော့စ်အိန်ဂျလိစ် လေဆိပ်အနီး လူတစ်ဦးကျောပိုး ဂျက်အင်ဂျင်ဖြင့် ပျံဝဲနေသည်ကိုတွေ့ရှိရကြောင်း လေယာဉ်မှုးများကသတင်းပေးပို့

လော့စ်အိန်ဂျလိစ် လေဆိပ်အနီး လူတစ်ဦးကျောပိုး ဂျက်အင်ဂျင်ဖြင့် ပျံဝဲနေသည်ကိုတွေ့ရှိရကြောင်း လေယာဉ်မှုးများကသတင်းပေးပို့

စက်တင်ဘာ ၃

လော့စ်အိန်ဂျလိစ် လေဆိပ်သို့ဆင်းသက်လာစဉ် လူတစ်ဦးကျောပိုးဂျက်အင်ဂျင်တပ်ဆင်ကာ ၎င်းတို့ဘေးတွင်ပျံဝဲနေသည် ကိုတွေ့ရှိရသည်ဟု လေယာဉ်မှူးများက‌ လွန်ခဲ့သည့်ရက်သတ္တပတ်ကပြောကြားခဲ့သည်။

ထိုဖြစ်စဉ်မှာ လူစီးကျောပိုးဂျက်အင်ဂျင်ကိုစတင်စမ်းသပ်ခြင်းဖြစ်သည်ဟု  ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး အဖွဲ့(FBI) ကအင်္ဂါနေ့ကပြောကြားခဲ့သည်။

လေယာဉ်များဆင်းသက်မည့်လမ်းကြောင်းတွင်လူတစ်ဦးကျောပိုးဂျက်အင်ဂျင်တပ်ဆင်ကာပျံဝဲနေသည်ကို လေဆိပ်အနီးသို့ရောက်ရှိလာသော လေယာဉ်အမှုထမ်းအနည်းဆုံး ၂ ဦးတို့က တွေ့ရှိခဲ့သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင်ပြသခဲ့သောအမေရိကန်ရုပ်သံစီးရီး Tower တွင် ပါဝင်သကဲ့သို့ကျောပိုးဂျက်အင်ဂျင် တပ်ဆင်ပျံဝဲနေသည့်လူတစ်ဦးကိုတွေ့လိုက်ရသည်ဟု လော့စ်အိန်ဂျလိစ်နိုင်ငံတကာလေဆိပ်သို့ ချဉ်းကပ်လာသည့် အမေရိကန်လေယာဉ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

ပေ ၃၀၀၀(၉၁၅ မီတာ)အမြင့်တွင်ပျံသန်းနေသည့်လေယာဉ်၏ ဘယ်ဘက် ၂၇၅ မီတာအကွာတွင် အဆိုပါလူပျံသန်းနေသည်ကိုတွေ့ရှိရသည်ဟု လေယာဉ်မှူးကပြောကြားသည်။

အခြားလေကြောင်းလိုင်းမှဒုတိယလေယာဉ်မှူးကလည်း ကျောပိုးဂျက်အင်ဂျင်တပ်ကာပျံသန်းနေသူ တစ်ဦးဖြတ်သန်းသွားသည်ကိုတွေ့လိုက်ရကြောင်းပြောဆိုမှုကိုကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ထိုသို့တွေ့မြင်ရခြင်းမှာ လော့စ်အိန်ဂျယ်လိစ် တွင်သာဖြစ်သည်ဟု အဆိုပါသတင်းကိုမယုံကြည်သူ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကိုအေဂျင်စီမှစုံစမ်းစစ်ဆေးနေသည်ဟု ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (Federal Aviation Administration) ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည်နောက်ပြောင်မှုတစ်ခုဖြစ်ပြီး အဖြစ်ဆိုးဖြင့်နိဂုံးချုပ်သွားနိုင်ကြောင်း၊ ကျောပိုးဂျက်သည် ဂျက်အင်ဂျင်တစ်မျိုးပင်ဖြစ်နိုင်ပြီးပျက်ကျစေသည့်အကြောင်းရင်း ရှိနိုင်ကြောင်းဖြင့် လေကြောင်းလိုင်း ကျွမ်းကျင်သူများကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly