ပေကျင်း၏ ကွန်မြူနစ်ပါတီ ဒု-အကြီးအကဲ ခြစားမှုအတွက် စစ်ဆေးခံရ

ပေကျင်း၏ ကွန်မြူနစ်ပါတီ ဒု-အကြီးအကဲ ခြစားမှုအတွက် စစ်ဆေးခံရ

ပေကျင်း၊ နိုဝင်ဘာ ၁၁ ။             ။ တရုတ်အာဏာရပါတီက ပေကျင်း၏ ဒုတိယအကြီးအကဲကို စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်နေပြီဟု နိုဝင်ဘာ ၁၁ က ထုတ်ပြန်ခဲ့ပြီး ၎င်းအကြီးအကဲမှာ သမ္မတရှီကျင်ပင်း၏  ခြစားမှုနှိမ်နင်းမှုအတွင်း ကျရောက်သွားသော ရာထူးအကြီးဆုံးအမျိုးသမီးဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

အသက် ၆၀ရှိ လူရှီးဝန်ကို ကြီးမားသည့် စည်းကမ်းချိုးဖောက်သည်ဟု သံသယရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ကွန်မြူနစ်ပါတီ၏ ပြည်တွင်းခြစားမှုတိုက်ဖျက်ရေးအဖွဲ့က ၎င်း၏ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။ စည်းကမ်းချိုးဖောက်မှုမှာ ခြစားမှုကို ရည်ညွှန်းသည်။

လူသည် ပေကျင်းမြို့တော်၏ ဒုတိယမြို့တော်ဝန်ဖြစ်သည့်အပြင် အာဏာရပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။ ရှန်ဟိုင်း ဒု-မြို့တော်ဝန်နှင့် ရှန်ဟိုင်းရှိ တရုတ်၏ ပထမဆုံးလွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ အိုက်ပေါင်းကျွန်ကို စုံစမ်းစစ်ဆေးနေသည်ဟု ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာ စည်းကမ်းထိန်းသိမ်းရေးနှင့် စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံရေးတွင် အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် တွေ့ရခဲသည်။ ရှီကျင်ပင်းအာဏာရလာပြီးနောက် လူသည် စုံစမ်းစစ်ဆေးခံရသော ရာထူးအကြီးဆုံး အမျိုးသမီးဖြစ်သည်ဟု   နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ပါတီမှ အဆင့်မြင့်အရာရှိများကို စုံစမ်းစစ်ဆေးမှုအား တရားရေးဆိုင်ရာကြီးကြပ်မှုမပါဘဲ ပြုလုပ်သည်။

အသက် ၅၅ နှစ်အရွယ်ရှိ အိုက်ကို စုံစမ်းစစ်ဆေးခြင်းမှာ ရှှီ၏ နိုင်ငံရေးပြိုင်ဘက်နှင့် သမ္မတဟောင်းကျန်ဇီမင်း၏ အမာခံနယ်မြေသို့ ရှီ၏ စစ်ဆင်ရေးဝင်ရောက်ခြင်း၏ အထိမ်းအမှတ်ဖြစ်သည်ဟု ရှုမြင်ကြသည်။ 

ရှီ၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းမှာ အတွင်းစည်းနိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရန်အတွက် ခြစားမှုစစ်ဆေးခြင်းကို အသုံးပြုခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly