ဗေလီကီအိုဘရက်ဇ်၊ နိုဝင်ဘာ ၁၁ ။ ။ များပြားလှသည့် ရွှေ့ပြောင်းအခြေချသူမျာကို ထိန်းချုပ်ရန် ခြံစည်းရိုးကာရန်မှုများ စတင်လုပ်ဆောင်မည်ဟု အစိုးရက ထုတ်ပြန်ပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာ ၁၁က ခရိုအေးရှားနှင့် ထိစပ်နေသည့် နယ်စပ်အနီးရှိ စလိုဗေးနီးယားကျေးရွာ ဗေလီကီအိုဘရက်ဇ်သို့ ခြံစည်းရိုးကာရန်သည့် ဝါယာကြိုးများသယ်ဆောင်သည့် ထရပ်ကားများ ရောက်ရှိလာခဲ့သည်။
များပြားလှသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့များကို ရိုက်တာဓါတ်ပုံ ဆရာတစ်ဦးက တွေ့မြင်ခဲ့ပြီး နာရီအနည်းငယ်အတွင်း ခြံစည်းရိုးစတင်ကာရန်မည်ဟု မျှော်လင့်ရသည်ဟု ၎င်းကပြောသည်။ စလိုဗေးနီးယားအစိုးရကမူ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ခြံစည်းရိုးစတင်ကာရန်နေပြီဟု ထုတ်ပြန်ခြင်းမပြုသေးပေ။