ဂျပန်က နှစ်၅၀အတွင်း ၄င်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံးဂျက်လေယာဉ်ကို စတင်ပျံသန်း

ဂျပန်က နှစ်၅၀အတွင်း ၄င်း၏ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံးဂျက်လေယာဉ်ကို စတင်ပျံသန်း

တိုကျို၊ နိုဝင်ဘာ ၁၁ ။                ။ ဂျပန်က နှစ်၅၀အတွင်း ၎င်း၏ ပထမဆုံးစီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်ကို နိုဝင်ဘာ ၁၁က စတင်ပျံသန်းလိုက်ရာ ကမ္ဘာလုံးဆိုင်ရာလေကြောင်းလောကတွင် ကြီးမားသည့် ပြိုင်ဘက်အချို့နှင့် ယှဉ်ပြိုင်နိုင်သည့် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းထူထောင်ရေး ရည်မှန်းချက်အတွက် အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။

သုံးနှစ်ကြာနှောင့်နှေးကြန့်ကြာပြီးနောက် ထိုင်ခုံ ၁၀၀ဆန့်လေယာဉ်အဖြစ် လုပ်ငန်းလောကသို့ ဝင်ရောက်ရေး Mitsubishi Aircraft Corp ၏ ထုတ်လုပ်မှုစွမ်းရည်ကို စမ်းသပ်ရန် အင်ဂျင်နှစ်လုံးတပ် Mitsubishi Regional Jet (MRJ) ဂျက်လေယာဉ်သည် နာဂိုယာလေဆိပ်မှ အသွားအပြန်တစ်နာရီခရီးစဉ်ကို စတင်ပျံသန်းခဲ့သည်။

အမေရိကန်ဒေါ်လာ ၄၇ သန်းတန် ဒေသဆိုင်ရာဂျက်လေယာဉ်သည် ဘရာဇီး၏ Embraer SA ၏ နောက်ရှိ ပိုမိုသေးငယ်သော ခရီးသည်တင်လေယာဉ် ကမ္ဘာ့ဒုတိယအကြီးဆုံးထုတ်လုပ်သူအဖြစ် ကနေဒါ၏ Bombardier ကိုနေရာဖယ်ထုတ်နိုင်လိမ့်မည်ဟု ဒုတိယကမ္ဘာစစ်က ဇီးရိုးဖိုက်တာ တိုက်လေယာဉ်များ ထုတ်လုပ်ခဲ့သော Mitsubishi Heavy Industries ယူနစ်က မျှော်လင့်လျက်ရှိသည်။

MRJ သည် လွန်ခဲ့သည့်နှစ် ၅၀က ထိုင်ခုံ ၆၄ခုပါ YS-11 လေယာဉ်ဖြင့် လုပ်ငန်းလောကထဲစတင် ဝင်ရောက်ကတည်းက ဂျပန်၏ စီးပွားရေးလုပ်ငန်းသုံးခရီးသည်လေယာဉ်ဖြစ်သည်။ ပထမဆုံး MRJသည် ဂျပန်၏ အကြီးဆုံးလေကြောင်းကုမ္ပဏီ ANA Holdings သို့ ၂၀၁၇ခုနှစ် ဇွန်လတွင် ပေးပို့ရန် စီစဉ်ထားသည်။

နောက်ဆုံးတွင် ယှဉ်ပြိုင်မှုဈေးအသီးသီးသို့ လေယာဉ် ၂,၀၀၀ကျော် ရောင်းချရန် မစ်ဆူဘီရှီက မျှော်လင့်ထားသည်။

ယခုအချိန်အထိ အမှာစာ ၂၂၃ ခုရရှိထားပြီး ဂျပန် လေကြောင်းလိုင်းက ၃၂စင်းမှာယူထားသည်။ တစ်ဦးတည်းက အကြီးမားဆုံးဝယ်ယူသူမှာ အမေရိကန်ဒေသဆိုင်ရာလေကြောင်းလိုင်းတစ်ခုဖြစ်သော Trans State Holdings ဖြစ်ပြီး အစင်း၁၀၀မှာယူထားသည်။

United Technologies Corp ၏လက်အောက်ခံ ကုမ္ပဏီ Pratt & Whitney ၏ မျိုးဆက်သစ်အင်ဂျင်များကြောင့် MRJ သည် အရွယ်အစားတူလေယာဉ်များထက် ငါးပုံတစ်ပုံ ဆီစားသက်သာသည်ဟု မစ်ဆူဘီရှီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly