ပို့လန်းမြို့ အကြမ်းဖက်ဆန္ဒပြမှု ဂျိုးဘိုင်ဒန် ပြစ်တင်

ပို့လန်းမြို့ အကြမ်းဖက်ဆန္ဒပြမှု ဂျိုးဘိုင်ဒန် ပြစ်တင်

သြဂုတ် ၃၁

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုသည် လက်သင့်ခံစရာမရှိကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က သြဂုတ် ၃၀ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့်လည်း အဆိုပါ ဆန္ဒပြပွဲအကြမ်းဖက်မှုများကို မဆင်မခြင် အားပေးအားမြှောက်လုပ်ပေးနေမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောသွားခဲ့သည်။

အဆိုပါ ပို့လန်းမြို့၌ ပြိုင်ဘက်ဆန္ဒပြအုပ်စုနှစ်စုအကြား ပဋိပက္ခ ထိပ်တိုက်တွေ့မှုအတွင်း လူတစ်ဦး သေဆုံးပြီးနောက် ဘိုင်ဒန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလက အသက် ၄၆ နှစ်ရှိ လူမည်းအမျိုးသား ဂျော့ဖလွိုက် ရဲထိန်းသိမ်းခံရစဉ် သေဆုံးမှုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတစ်ဝန်း လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်ထားခဲ့သည်။

ဖလွိုက်သေဆုံးပြီးနောက် သုံးလနီးပါးကြာ ပို့လန်းမြို့လယ်တွင် ညတိုင်းဆန္ဒပြပွဲများ ပေါ်ပေါက်ထားခဲ့ပြီး စနေနေ့ည ဖြစ်စဉ်တွင် လူတစ်ဦး ပစ်သတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ လုပ်ခဲ့သည်ဟု ပြောသည်။

“ လက်ဝဲပဲဖြစ်ဖြစ် လယ်ယာပဲဖြစ်ဖြစ် အကြမ်းဖက်မှုကို ဘယ်သူပဲလုပ်လုပ် ကျွန်တော် ရှုတ်ချပါတယ်၊ ဒေါ်နယ်ထရမ့်ကိုလည်း ကျွန်တော့်လိုပဲ လုပ်ဖို့ ကျွန်တော် စိန်ခေါ်ပါတယ်” ဟု ဘိုင်ဒန်က  ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly