ပြင်သစ်မှာ ၁၀၀ ရာခိုင်နှုန်း ဆွေးမြည့်ပျက်စီးနိုင်တဲ့ လျှော်ပင်အထည်စ နှာခေါင်းစည်းတွေ ထုတ်လုပ်

ပြင်သစ်မှာ ၁၀၀ ရာခိုင်နှုန်း ဆွေးမြည့်ပျက်စီးနိုင်တဲ့ လျှော်ပင်အထည်စ နှာခေါင်းစည်းတွေ ထုတ်လုပ်

သြဂုတ် ၃၁

ပြင်သစ်နိုင်ငံ ဘာဂန်ဒီဒေသ ယွန်နီနယ်မှာ အခြေစိုက်တဲ့ ကုမ္ပဏီတစ်ခုဟာ ဆေးခြောက်အနွယ်ဝင် လျှော်ပင် (Hemp) အထည်စတွေကို အသုံးပြုထားတဲ့ နှာခေါင်းစည်းတွေကို ထုတ်လုပ်ရောင်းချနေပြီး ဒါဟာ ဥရောပဒေသမှာ ပထမဆုံး ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးဆွေးမြေ့နိုင်တဲ့ နှာခေါင်းစည်းတွေဖြစ်တယ်လို့ ပြောပါတယ်။

တစ်ခုကို ၆၅ ဆင့် ကျသင့်မယ့် ဒီနှာခေါင်းစည်းတွေကိုတော့ ပြင်သစ်မှာ ကုမ္ပဏီတွေ၊ ဒေသအာဏာပိုင်တွေဘက်က အလုံးအရင်းနဲ့ အော်ဒါမှာယူထားပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဆွစ်ဇာလန်တို့ဆီကနေလည်းမှာယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဒါကတော့ ဘာဂန်ဒီဒေသကနေ ထွက်တဲ့ hemp လျှော်ပင်ကနေ ထုတ်ထားတဲ့ ကုန်ကြမ်းတစ်ခုပါ၊ ဒီကုန်ကြမ်းပစ္စည်းက အသင့် သုံးလို့ရပါတယ်၊ ဒါက  ပတ္တူအထည်စတွေ ထုတ်လုပ်ဖို့အတွက် ပြင်ဆင်ဖို့ စက်တွေနဲ့ သွားတဲ့အဆင့်ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်” လို့ Geochanvre ကုမ္ပဏီ ဒါရိုက်တာ စတီဖန်နီ ဂေါ်ဗန်နက်က ပြောပါတယ်။

“ကျွန်မတို့ လုပ်ငန်းစဉ်က မူပိုင်ခွင့်တစ်ခုနဲ့ ကာကွယ်ထားပါတယ်၊ ဒါကြောင့်မို့လည်း ကျွန်မတို့ ကြည့်လို့ မရနိုင်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုလုံး ရှိနေပါတယ်၊ ပြီးတော့မှ ကျွန်မတို့ဟာ ပတ္တူအထည်တွေ အပြီးသတ်နိုင်မယ့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ရောက်တာပါ၊ ဒီပတ္တူစတွေကတော့ နှာခေါင်းစည်းတွေ ထုတ်ဖို့ ဖြတ်တောက်တာတွေကို အသင့်ဖြစ်နေပါပြီ” လို့ စတီဖန်နီက ပြောသွားပါတယ်။

“သူ့ရဲ့ ပင်ဂိုလက္ခဏာတွေအရ ဒီ hemp မှာက အခြားထုတ်ကုန်တွေ ဘာမှ ထပ်ထည့်စရာမလိုစေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်၊ ကော် လိုမျိုး အခြားဘာမှ ထပ်ထည့်စရာ မလိုပါဘူး၊ သူ့ဂုဏ်သတ္တိတွေက ထပ်တိုးထုတ်ကုန်တွေမပါဘဲနဲ့ စစ်ထုတ်မှု၊ အသက်ရှူထုတ်နိုင်မှုတို့ကို ဖြစ်စေနိုင်ပါတယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။

“ဒီကနေ့ကတော့ ကျွန်တော်တို့ နှာခေါင်းစည်းတွေရဲ့ မွေးဖွားမှုပါပဲ၊ hemp အစတွေနဲ့ပေါ့၊ ဒါက ကျွန်တော်တို့ရဲ့ နှာခေါင်းစည်း ထုတ်လုပ်မှုလုပ်ငန်းစဉ် စတဲ့နေရာပါ၊ ကျွန်တော်တို့ဟာ တစ်နေ့ကို နှာခေါင်းစည်း အခုရေ ၅,၀၀၀ ထုတ်ပါတယ်၊ ဒါတွေကို Geochanvre ဝန်ထမ်းတစ်ဦးက တစ်ခုချင်း ထုတ်လုပ်ပါတယ်၊ ထုတ်လုပ်ပြီး ထွက်လာတဲ့ နှာခေါင်းစည်းတွေကို ခင်ဗျားတို့လည်း မြင်နိုင်တယ်လေ” လို့ Geochanvre ရဲ့ အရောင်းဒါရိုက်တာ ဂျာရေးလ် ဘေယက်တီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly