ဂျပန်ကုမ္ပဏီထုတ် ကားပျံ စမ်းသပ်ပျံသန်းမှု အောင်မြင်

ဂျပန်ကုမ္ပဏီထုတ် ကားပျံ စမ်းသပ်ပျံသန်းမှု အောင်မြင်

ဩဂုတ် ၃၁

ဂျပန်ကုမ္ပဏီတစ်ခုက ၎င်း၏ ခေတ်ရှေ့ပြေး ကားပျံကို အများပြည်သူ မြင်ကွင်းရှေ့ လေးမိနစ်ကြာ အောင်မြင်စွာ စမ်းသပ်ပျံသန်း ပြခဲ့သည်။

ဂျပန်နိုင်ငံ တိုယိုတာစက်ရုံရှိ တိုယိုတာစမ်းသပ်ကွင်းတွင် SD-03 ကားပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း SkyDrive Inc ကုမ္ပဏီက ကြေညာသည်။

ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများ လုပ်ဆောင်နိုင်သော ကမ္ဘာ့အသေးဆုံး လျှပ်စစ်ယာဉ်အဖြစ် သတ်မှတ်ကြေညာထားသည့် တစ်ယောက်စီး အဆိုပါ ကားပျံကို စမ်းသပ်ပျံသန်းခဲ့သည်မှာ လေးမိနစ်ကြာမျှ ရှိခဲ့သည်။

ယခု ကားပျံသည် မော်တော်ဆိုင်ကယ်နှင့် ဆင်တူပြီး ပျံတက်ရန်အတွက် ပန်ကာလေးလက် တပ်ဆင်ပါရှိသည်။ SD-03 ကားပျံ၏ လက်ရှိ ပျံသန်းနိုင်စွမ်းမှာ ဆယ်မိနစ်ခန့် ကြာအောင် ပျံသန်းနိုင်စွမ်း ရှိပြီး ကုမ္ပဏီအနေဖြင့် မိနစ် ၃၀ ကြာအောင် ပျံသန်းနိုင်ရေး စိုင်းပြင်းလျက် ရှိသည်။

၂၀၂၃ တွင် ယင်း ကားပျံအား လူများ စီးနင်းနိုင်သည့်အထိ အပြီးသတ် တီထွင်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု SkyDrive ကုမ္ပဏီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly