တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ရာဂဏန်း ကူးစက်သူ ၁၇ ရက်မြောက်အထိ ရှိလာ 

တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ရာဂဏန်း ကူးစက်သူ ၁၇ ရက်မြောက်အထိ ရှိလာ 

သြဂုတ် ၃၀

တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် နေ့စဉ် ရာဂဏန်းရှိနေသည်မှာ ၁၇ ရက်မြောက် ရှိပြီဖြစ်သည်။ 

လူထူထပ်သည့် ဆိုးလ်မြို့ဧရိယာများရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် မုန့်ဆိုင်များတွင်လည်း ကန့်သတ်ချက်များ ချမှတ်ထားသည်။ 

စနေနေ့ကမူ ပြီးခဲ့သည့် ငါးရက်အတွင်း ကူးစက်မှုအနှေးကွေးဆုံးအဖြစ် ညလယ်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၉၉ ဦး ရှိခဲ့သည်။ 

တစ်နိုင်ငံလုံး စုစုပေါင်းကူးစက်သူ ၁၉၆၉၉ ဦးရှိကာ သေဆုံးသူ ၃၂၃ ဦး ရှိကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာက ဆိုသည်။ 

ဒုတိယမြောက် အတင်းကြပ်ဆုံး အဆင့်ဖြစ်သည့် အဆင့် ၂ လူခွာနေခြင်း စည်းမျဉ်းစည်းကမ်းကို အနည်းဆုံး နောက်ထပ် သီတင်းပတ်တစ်ပတ် သက်တမ်းထပ်တိုးထားပြီး ဗိုင်းရပ်စ် ကူးစက်မှုဘေး မြင့်မားသော နယ်မြေများတွင် ပို၍ တင်းကြပ်သော စည်းမျဉ်းများ ကြေညာထားသည်။ 

ဆိုးလ်ဧရိယာများရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် မုန့်ဆိုင်များကို ည ၉ နာရီမှ နံနက် ၅ အတွင်း ဖွင့်လှစ်ခွင့် တားမြစ်ထားသည်။ 

ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ နိုက်ကလပ်များ၊ အားကစားရုံများနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ခိုင်းထားပြီးဖြစ်ကာ အများပြည်သူ နေရာများ၌ နှာခေါင်းစည်း မတပ်မနေရ အမိန့် ထုတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly