ကိုရိုနာဗိုင်းရပ်စ် ကုစားရေးရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို ထရမ့် လက်မှတ်ထိုးလို

ကိုရိုနာဗိုင်းရပ်စ် ကုစားရေးရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို ထရမ့် လက်မှတ်ထိုးလို

ဩဂုတ် ၂၉

သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံရှိ ကိုရိုနာဗိုင်းရပ်စ် ကုစားရေးရန်ပုံငွေ ဥပဒေကြမ်းကို လက်မှတ်ထိုးလိုနေကြောင်း ၎င်း၏ ထိပ်တန်းလက်ထောက်တစ်ဦးက သောကြာနေ့တွင် ပြောသည်။

သို့သော် ယင်း ငွေကြေးပမာဏသည် အမေရိကန်ပြည်သူများ၏ လိုအပ်ချက်များကို ကာမိမည်မဟုတ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ဆိုသည်။

နန်စီပီလိုစီက ဒီမိုကရက်များ အုပ်စိုးသော ပြည်နယ်များအတွက်သာ ရန်ပုံငွေ ရရေးကို စိတ်ဝင်စားနေသည်ဟု နောက်ပိုင်း၌ ထရမ့်က ပြောသည်။

ထိုကြောင့် စီးပွားရေးစေ့ဆော်မှုအရေး တန့်ရပ်နေသော နောက်ထပ် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးမှာ မရေရာမသေချာ ဖြစ်ရသည်။

ယခု ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို ထရမ့်က လက်မှတ်ထိုးလိုကြောင်း အိမ်ဖြူတော် အမှုထမ်းချုပ် မတ်မေဒိုက ပြောလာခြင်းဖြစ်ပြီး ယခင်က အိမ်ဖြူတော်နှင့် ဆီးနိတ်ရီပတ်ဘရီကန်အမတ်များ အဆိုပြုထား သော ဒေါ်လာ ၁ ထရီလီယံထက် ဒေါ်လာ ၃၀၀ ဘီလီယံ ပိုတိုးလာခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဒဏ် ခံစားနေရသော အမေရိကန်ပြည်သူများကို ကူညီရန် ကုစားရေးရန်ပုံငွေ မတည်ရေးအတွက် ဆွေးနွေးပွဲများက သဘောတူညီချက် မရဘဲ ပျက်ပြားသွားပြီး သီတင်းသုံးပတ်အကြာ၌ ရီပတ်ဘရီ ကန်သမ္မတ ထရမ့်က ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ရန်ပုံငွေဥပဒေကြမ်းကို လက်မှတ်ထိုးလိုသည်ဟု မေဒိုက ပြောလာခြင်း ဖြစ်သည်။

နောက်ပိုင်း နာရီအနည်းငယ်အကြာတွင် ပီလိုစီက ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံ ရန်ပုံငွေကို တောင်းဆိုကာ မေဒိုပြောသော ငွေကြေးပမာဏက အမေရိကန် အလုပ်သမားများနှင့် မိသားစုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်မဟုတ်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly