ငါးမန်းအန္တရာယ် ကြုံခဲ့ရတဲ့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့  

ငါးမန်းအန္တရာယ် ကြုံခဲ့ရတဲ့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့  

ဩဂုတ် ၂၉   

အမေရိကန်ကမ်းခြေစောင့်တပ်သင်္ဘော Kimball   ပေါ်က အဖွဲ့သားတွေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က နားချိန်အတွင်း ပင်လယ်ထဲဆင်းပြီး ရေကူးခဲ့ကြရာ ငါးမန်းတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။  

ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၃၀ ကျော်လောက် ရေကစားနေစဉ်မှာပဲ ခြောက်ပေက နေ ရှစ်ပေလောက်အရှည်ရှိတဲ့ ငါးမန်းတစ်ကောင်ဟာ အပန်းဖြေရေကူးနေတဲ့သူတွေဆီ ဦးတည်ပြီးလာခဲ့တာဖြစ်ပါတယ်။   

ရေကြောင်းအထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆမ်မြူရယ် စင်ထရွန်က ငါးမန်းကို သေနတ်နဲ့ပစ်ပြီး ခြောက်လှန့်ပေးခဲ့ပါတယ်။ ငါးမန်းက ခဏလောက်ပဲ ပြန်လှည့်သွားပြီး ရေကူးနေတဲ့သူတွေဆီ ပြန်လှည့်လာခဲ့လို့ သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ပြီး ခြောက်လှန့်ခဲ့ပါတယ်။  

တပ်ဖွဲ့ဝင်တွေအားလုံးဟာ ငါးမန်းအန္တရာယ်ကနေလွတ်ပြီး သင်္ဘောငယ်ပေါ် ပြန်တက်နိုင်ခဲ့ကြပါတယ်။   

အမေရိကန်ကမ်းခြေစောင့်တပ်သင်္ဘော (USCGC ) ပေါ်က အဖွဲ့သားတွေက ရုတ်တရက်ကြုံခဲ့ရတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို Facebook ပေါ်မှာ ဝေမျှခဲ့ပြီး အားလုံးဘေးကင်းတဲ့အကြောင်း ပြောခဲ့ပါတယ်။   

ငါးမန်းက ရေမျက်နှာပြင်အနီးနေတဲ့ ဆူးတောင်ရှည် မာကို ငါးမန်းမျိုး ဖြစ်နိုင်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။   

ငါးမန်းကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ထင်တဲ့အကြောင်းနဲ့ တခြားငါးမန်းအုပ်တွေနဲ့ အတူကူးသွားတာကို မြင်လိုက်တယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly